အလုပ္မရွိလို႔ ဝင္ေငြမရွိၾကတဲ့ အခ်ိန္မွာ ၾကံဖန္ၿပီးအလုပ္လုပ္ေနသူေတြကို ေလးစားတယ္ဆိုတဲ့ ေအးျမတ္သူ

ဇာတ္ရုပ္တိုင္းကို ေဆးစက္က်ရာ အရုပ္ထင္ေအာင္ သရုပ္ေဆာင္နုိင္သူ အကယ္ဒမီမင္းသမီး ေအးျမတ္သူကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေမာ္ဒယ္ေလာကကေန အမ်ားမနွစ္သက္မႈေတြနဲ႕ အတူ ခ်စ္တဲ့ အနုပညာအတြက္ အျပံဳးမပ်က္ လုပ္ကိုင္ခဲ့တဲ့ ေအးျမတ္သူကေတာ့ လက္ရွိ အခ်ိန္မွာ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္အျဖစ္နဲ႕

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိေနၿပီပဲျဖစ္ပါတယ္.။ ေအးျမတ္သူဟာ ‘ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ပါးခ်ိဳင့္ေလးေပၚသည္အထိ ရယ္ေမာကာ အျပံဳးမပ်က္ ေရွ႕ဆက္ ေလ်ွာက္လွမ္းကာ သူမရဲ႕ ေန႕သစ္တိုင္းကို အက်ိဳးရွိရွိနဲ႕ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနသူပဲျဖစ္ပါတယ္.။ ပြင့္လင္းတဲ့စိတ္နဲ႕ လူတန္းစားမေရြး ရင္းနွီးေဖာ္ေရြစြာ ဆက္ဆံတတ္တဲ့ သူမရဲ႕ အျပဳအမူတိုင္းဟာ ပရိသတ္ေတြအတြက္ ေႏြးေထြးမႈေတြနဲ႕အတူ

ခံစားရေအာင္ ျပဳမူေပးတတ္သူပါ.။ ဒီေန႕ ေမလ (၃၀)ရက္ေန႕မွာေတာ့ မျမတ္ေလးတစ္ေယာက္ လက္ရွိအခ်ိန္မွာ ၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြေၾကာင့္ ဝင္ေငြမရွိဘဲ အိမ္မွာေနေနရတာေၾကာင့္ စိတ္ညစ္တဲ့သူေတြနဲ႕ ေပးကမ္းမႈေတြကို နိုင္သေလာက္ လုပ္ေဆာင္ေပးေနတဲ့သူေတြအတြက္ သူမထင္ျမင္မိတဲ့ အေၾကာင္းေျပာထားတဲ့ ဗီဒီယုိဖိုင္ေလးကို “အခုခ်ိန္ ၀င္ေငြမရွိတဲ့သူေတြ

လက္ညိွဳးေထာင္”ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ မျမတ္ေလးကိုယ္တိုင္လည္း (၃)လပိုင္း အစေလာက္တည္းက အလုပ္မရွိေတာ့ဘဲ အခ်ိန္ကုန္ေနရတဲ့ဝင္ေငြမရွိသူျဖစ္ၿပီး အကုန္လံုးကို မကူညီနိုင္ေပမယ့္ ပရဟိတအလုပ္ေလးေတြကို သူမတတ္နိုင္သေလာက္ ပါဝင္ကူညီ လုပ္အားေပးခဲ့တဲ့သူပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးအတြက္လည္း ေအးျမတ္သူေျပာထားတဲ့ ဝင္ေငြမရွိတဲ့သူေတြနဲ႕ ကူညီေပးသူေတြအေၾကာင္းကို အျမင္ေလးနဲ႕ ခ်ျပေဆြးေႏြးထားတဲ့ ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္.။

Read in UNICODE

ဇာတ်ရုပ်တိုင်းကို ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်သူ အကယ်ဒမီမင်းသမီး အေးမြတ်သူကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မော်ဒယ်လောကကနေ အများမနှစ်သက်မှုတွေနဲ့ အတူ ချစ်တဲ့ အနုပညာအတွက် အပြုံးမပျက် လုပ်ကိုင်ခဲ့တဲ့ အေးမြတ်သူကတော့ လက်ရှိ အချိန်မှာ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ်နဲ့

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေပြီပဲဖြစ်ပါတယ်.။ အေးမြတ်သူဟာ ‘ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပါးချိုင့်လေးပေါ်သည်အထိ ရယ်မောကာ အပြုံးမပျက် ရှေ့ဆက် လျှောက်လှမ်းကာ သူမရဲ့ နေ့သစ်တိုင်းကို အကျိုးရှိရှိနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနေသူပဲဖြစ်ပါတယ်.။ ပွင့်လင်းတဲ့စိတ်နဲ့ လူတန်းစားမရွေး ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တဲ့ သူမရဲ့ အပြုအမူတိုင်းဟာ ပရိသတ်တွေအတွက် နွေးထွေးမှုတွေနဲ့အတူ

ခံစားရအောင် ပြုမူပေးတတ်သူပါ.။ ဒီနေ့ မေလ (၃၀)ရက်နေ့မှာတော့ မမြတ်လေးတစ်ယောက် လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဝင်ငွေမရှိဘဲ အိမ်မှာနေနေရတာကြောင့် စိတ်ညစ်တဲ့သူတွေနဲ့ ပေးကမ်းမှုတွေကို နိုင်သလောက် လုပ်ဆောင်ပေးနေတဲ့သူတွေအတွက် သူမထင်မြင်မိတဲ့ အကြောင်းပြောထားတဲ့ ဗီဒီယိုဖိုင်လေးကို “အခုချိန် ဝင်ငွေမရှိတဲ့သူတွေ

လက်ညှိုးထောင်”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မမြတ်လေးကိုယ်တိုင်လည်း (၃)လပိုင်း အစလောက်တည်းက အလုပ်မရှိတော့ဘဲ အချိန်ကုန်နေရတဲ့ဝင်ငွေမရှိသူဖြစ်ပြီး အကုန်လုံးကို မကူညီနိုင်ပေမယ့် ပရဟိတအလုပ်လေးတွေကို သူမတတ်နိုင်သလောက် ပါဝင်ကူညီ လုပ်အားပေးခဲ့တဲ့သူပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း အေးမြတ်သူပြောထားတဲ့ ဝင်ငွေမရှိတဲ့သူတွေနဲ့ ကူညီပေးသူတွေအကြောင်းကို အမြင်လေးနဲ့ ချပြဆွေးနွေးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source : Aye Myat Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *