လေးစားဖို့ကောင်းတဲ့ စည်သူပလပ်ကျွတ်ရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တဲ့ ခင်လှိုင်
Read in UNICODE
ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို Super Hero ဝတ်စုံတွေဝတ်ဆင်မှုကြောင့် ခံခဲ့ရဖူးတဲ့ စည်သူပလတ်ကျွတ်ကတော့ လက်ရှိမှာ မြင့်မြတ်နဲ့ယုန်လေးရဲ့စကားကိုနားထောင်ကာ အရင်လိုပေါတောတောတွေမလုပ်တော့ပဲ အနုပညာအလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ သူကတော့ COVID-19 ကြောင့် အနုပညာ အလုပ်တွေ နားလိုက်ရတော့
ဝမ်းစာ အတွက် ခေါက်ပြန်ကြေး နဲ့ Papilo ဖိနပ်တွေကိုရောင်းချနေတာလည်းဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခင်လှိုင်ကတော့ စည်သူပလပ်ကျွတ် ရဲ့ စိတ်ဓာတ်လေးကို “လေးစားပါတယ်…ချစ်ညီလေးစည်သူ..မိသားစုတစ်ခုကိုဦးဆောင်နေရတဲ့ အိမ်ထောင်ဦးစီးကောင်းပီသပါတယ် တက်ကျိုးရင်လက်ထိုးလှော်မယ်ဆိုတဲ့ ဇွဲသတ္တိရှိမှ
လဲကျနေရင်တောင်မှပြန်ထနိုင်မှာ ..ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာညီလေးစည်သူ(ပလပ်ကျွတ်) ရောင်းနေတဲ့ Papilo ဖိနပ်လေးတွေအားပေးလိုက်ပါအုံးခင်ဗျာ ကျွန်တော်ကတော့ ညီလေးစည်သူအတွက် ဆန် (၆) ပြည်အိတ်လေးလက်ဆောင်းပေးရင်း ဖိနပ် (၅) ရံဝယ်ပြီးအားပေးလိုက်ပါတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ချီးကျူးစကားဆိုထားပါတယ်။ ခင်လှိုင်ကတော့
စည်သူပလပ်ကျွတ် ရဲ့ စိတ်ဓာတ်ကိုချီးကျူးရင်း ဖိနပ်တွေဝယ်ယူအားပေးရင် ဆန် (၆) ပြည်အိတ်လေးလက်ဆောင်းပေးလိုက်ပါသေးတယ်တဲ့။ ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခင်လှိုင်ကတော့ စည်သူပလပ်ကျွတ်ရဲ့ အနုပညာ အလုပ်တွေ နားလိုက်ရတော့ မိသားစုတွေဝမ်းစာအတွက် ခေါက်ပြန်ကြေး နဲ့ Papilo ဖိနပ်တွေကိုရောင်းချနေတဲ့စိတ်ဓာတ်ကို လေးစားကြောင်းချီးကျူးစကားဆိုထားပါတယ်နာ်။
Source : Khin Hlaing’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *