လက္ေရြးစင္ ေဘာလံုးသမား ေမာင္ေမာင္လြင္ကို ဘာေၾကာင့္တရားစြဲၿပီး ေလ်ာ္ေၾကးေငြ သိန္း(၁၀၀၀)ေတာင္းလဲဆိုတာ ဖြင့္ဟခဲ့တဲ့ ခင္ၿငိမ္းခ်မ္း

ေမာင္ေမာင္လြင္ႏွင့္ မခင္ ၿငိမ္းခ်မ္းတို႔သည္ ယခုႏွစ္ ေဖေဖာ္ ဝါရီလက တရားဝင္လက္မွတ္ထိုး လက္ထပ္ထားၾကသူမ်ား ျဖစ္ သည္။ သို႔ေသာ္အဆင္မေျပမႈမ်ား ျဖစ္ေပၚၿပီးေနာက္ ေမာင္ေမာင္ လြင္သည္ မတ္လကစတင္၍ ၎ တို႔ႏွစ္ဦးအတူေနထိုင္သည့္ အိမ္ သို႔ျပန္ေရာက္လာျခင္း မရွိသည့္ အျပင္ ေဘာလုံးကြင္းသို႔လိုက္ေခၚ ခဲ့ေသာ္လည္း ေမာင္းထုတ္ျခင္းတို႔ ေၾကာင့္

တရားစြဲဆိုရန္ဆုံးျဖတ္ခဲ့ ျခင္းျဖစ္ေၾကာင္း မခင္ၿငိမ္းခ်မ္းက ေျပာသည္။ ‘‘ေမာင္ေမာင္လြင္က ကြၽန္မ ကိုယ္ဝန္ရွိလာၿပီး မတ္လေနာက္ ပိုင္းထဲက ဂ႐ုစိုက္မႈမရွိေတာ့သ လို အိမ္မွာတစ္ေယာက္တည္းထား ၿပီးသူကျပန္မလာဘူး။ ကြၽန္မမွာ ကိုယ္ဝန္ရွိလာတာလည္း သူသိ တယ္။ ကေလးကိုလည္း စိတ္ မဝင္စားဘူး။ သူရွိတဲ့ေဘာလုံး ကြင္းလိုက္သြားရင္လည္း ေမာင္း ထုတ္တယ္။ ဒါေၾကာင့္မို႔

မတ္လ လယ္ေလာက္မွာ ကြၽန္မရဲ႕ မိဘ အိမ္ျပန္သြားခဲ့တယ္။ သူကလည္း ဆက္သြယ္မႈလုံးဝမလုပ္ဘူး။ ဒါ ေၾကာင့္မို႔ တရားစြဲဖို႔ဆုံးျဖတ္ခဲ့ တာပါ’’ဟု မခင္ၿငိမ္းခ်မ္းကေျပာ သည္။ ထို႔ေၾကာင့္ ေမာင္ေမာင္လြင္ ကို ေမလ ၂၃ရက္က အေနာက္ ပိုင္းခ႐ိုင္တရား႐ုံး၌ ကြာရွင္းျပတ္ စဲခြင့္ႏွင့္ ပစၥည္းရယူပိုင္ခြင့္အ တြက္

တရားမမႈျဖင့္တရားစြဲဆိုခဲ့ ၿပီး ေမလ ၂၅ရက္တြင္လႈိင္ၿမိဳ႕နယ္ တရား႐ုံး၌ ပုဒ္မ ၄၁၇ (ကာမလိမ္ လည္ေပါင္းသင္းမႈ) တို႔ျဖင့္ ထပ္မံ တရားစြဲထားေၾကာင္း ၎ကေျပာ သည္။ လႈိင္ၿမိဳ႕နယ္ တရား႐ုံးက မခင္ၿငိမ္းခ်မ္း၏ တရားစြဲဆိုမႈ ပုဒ္မ ၄၁၇ အမႈအတြက္ ဇြန္လ ၈ ရက္ႏွင့္ အေနာက္ပိုင္းခ႐ိုင္တရား ႐ုံးက တရားမမႈအတြက္ ဇြန္လ ၁၂ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထား ေၾကာင္း ဆိုသည္။

Read in UNICODE

မောင်မောင်လွင်နှင့် မခင် ငြိမ်းချမ်းတို့သည် ယခုနှစ် ဖေဖော် ဝါရီလက တရားဝင်လက်မှတ်ထိုး လက်ထပ်ထားကြသူများ ဖြစ် သည်။ သို့သော်အဆင်မပြေမှုများ ဖြစ်ပေါ်ပြီးနောက် မောင်မောင် လွင်သည် မတ်လကစတင်၍ ၎င်း တို့နှစ်ဦးအတူနေထိုင်သည့် အိမ် သို့ပြန်ရောက်လာခြင်း မရှိသည့် အပြင် ဘောလုံးကွင်းသို့လိုက်ခေါ် ခဲ့သော်လည်း မောင်းထုတ်ခြင်းတို့ ကြောင့်

တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း မခင်ငြိမ်းချမ်းက ပြောသည်။ ‘‘မောင်မောင်လွင်က ကျွန်မ ကိုယ်ဝန်ရှိလာပြီး မတ်လနောက် ပိုင်းထဲက ဂရုစိုက်မှုမရှိတော့သ လို အိမ်မှာတစ်ယောက်တည်းထား ပြီးသူကပြန်မလာဘူး။ ကျွန်မမှာ ကိုယ်ဝန်ရှိလာတာလည်း သူသိ တယ်။ ကလေးကိုလည်း စိတ် မဝင်စားဘူး။ သူရှိတဲ့ဘောလုံး ကွင်းလိုက်သွားရင်လည်း မောင်း ထုတ်တယ်။ ဒါကြောင့်မို့

မတ်လ လယ်လောက်မှာ ကျွန်မရဲ့ မိဘ အိမ်ပြန်သွားခဲ့တယ်။ သူကလည်း ဆက်သွယ်မှုလုံးဝမလုပ်ဘူး။ ဒါ ကြောင့်မို့ တရားစွဲဖို့ဆုံးဖြတ်ခဲ့ တာပါ’’ဟု မခင်ငြိမ်းချမ်းကပြော သည်။ ထို့ကြောင့် မောင်မောင်လွင် ကို မေလ ၂၃ရက်က အနောက် ပိုင်းခရိုင်တရားရုံး၌ ကွာရှင်းပြတ် စဲခွင့်နှင့် ပစ္စည်းရယူပိုင်ခွင့်အ တွက်

တရားမမှုဖြင့်တရားစွဲဆိုခဲ့ ပြီး မေလ ၂၅ရက်တွင်လှိုင်မြို့နယ် တရားရုံး၌ ပုဒ်မ ၄၁၇ (ကာမလိမ် လည်ပေါင်းသင်းမှု) တို့ဖြင့် ထပ်မံ တရားစွဲထားကြောင်း ၎င်းကပြော သည်။ လှိုင်မြို့နယ် တရားရုံးက မခင်ငြိမ်းချမ်း၏ တရားစွဲဆိုမှု ပုဒ်မ ၄၁၇ အမှုအတွက် ဇွန်လ ၈ ရက်နှင့် အနောက်ပိုင်းခရိုင်တရား ရုံးက တရားမမှုအတွက် ဇွန်လ ၁၂ ရက်သို့ ပြန်လည်ချိန်းဆိုထား ကြောင်း ဆိုသည်။

Source : 7 Days

Add a Comment

Your email address will not be published. Required fields are marked *