သမီးေလး ဝါသနာပါရာ ကြ်မ္းက်င္ရာကိုပဲ ပံ့ပိုးေပးသြားမယ္ဆိုတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္

ဇာတ္ပို႔သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္ကေတာ့ သူမရဲ႕ တစ္ဦးတည္းေသာ သမီးေလး ျမင့္ျမတ္ေသာ္တာရဲ႕ အႏုပညာဝါသနာကို ေျပာျပလာပါတယ္။ လက္ရွိမွာေတာ့ သမီးေလးဟာ အႏုပညာနဲ႔ ပတ္သက္တဲ့ ကုမၼဏီမွာ အလုပ္ဝင္လုပ္ေနၿပီလို႔ ေျပာျပခဲ့ပါတယ္။ “ သူက အခုေက်ာင္းၿပီးသြားေတာ့ ဘြဲ႕ယူဖို႔ က်န္တယ္။ ကုမၼဏီတစ္ခုမွာ အလုပ္ဝင္ေနတယ္။ သူလုပ္တဲ့ ကုမၼဏီက ဇာတ္လမ္းတိုေလးေတြ႐ိုက္တယ္။ သူက သ႐ုပ္ေဆာင္ မလုပ္ခ်င္ဘူး ဒါ႐ိုက္တာ

လုပ္ခ်င္တာ။ သူ႔ဝါသနာေပါ့ေနာ္။ သူက အဂၤလိပ္စာလည္း အရမ္းကြၽမ္းတယ္။ Covid ကာလမွာ ကိုယ္ေတြက ဝင္ေငြမရွိေတာ့ဘူးဆိုေတာ့ သူ႔ရဲ႕ လခကေန မိဘအတြက္ တစ္ဝက္ေပးတယ္ဆိုေတာ့ မဆိုးဘူးေပါ့ေနာ္။ သူ႔ရဲ႕ လစာထဲကေန တတ္ႏိုင္သေလာက္ေလး လႉျဖစ္တယ္” လို႔ သူကဆိုပါတယ္။ မ်ိဳးမ်ိဳးခိုင္နဲ႔ သူမရဲ႕ ခင္ပြန္းတို႔ဟာ အႏုပညာေလာကထဲက ျဖစ္တာေၾကာင့္ သမီးေလးကိုလည္း အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး အေကာင္းဆုံး ပံ့ပိုးေပးသြားမယ္လို႔

ဆိုပါတယ္။ အႏုပညာပိုင္းမွာသမီးေလးဟာ သူမထက္ ပိုၿပီး ကြၽမ္းက်င္တာေၾကာင့္ သူ႔လမ္းသူ ေဖာက္ၿပီး ေအာင္ျမင္ေအာင္ လုပ္ေစခ်င္တယ္လို႔ ေျပာပါတယ္။ “ သူ ကြၽမ္းက်င္ရာကိုပဲ ပံ့ပိုးေပးသြားမွာ။ သူက ကိုယ့္ထက္ အဆတစ္ရာ ကြၽမ္းက်င္တယ္။ ေတာ္တဲ့သူျဖစ္တဲ့အတြက္ သူတို႔လမ္း သူတို႔ေဖာက္ၿပီး ေလွ်ာက္ေစခ်င္တယ္။ တစ္ဦးတည္းေသာ သမီးလည္းျဖစ္

သူ႔ကို အားလုံးက ဝိုင္းခ်စ္ၾကေတာ့ လူေတြပဲ ဒီလိုလုပ္ရင္ ဒီလိုရပါတယ္ေလ ဆိုတာကို ျဖစ္မွာေၾကာက္လို႔ လူေတြနဲ႔ေပါင္းတဲ့အခါမွာ ဘယ္လို အခက္အခဲေတြ ႀကဳံရတယ္ဆိုတာကို သိရေအာင္လို႔ ခ်ဳပ္ခ်ယ္မထားဘူး။ သူ႔ေျခေထာက္အေပၚ သူရပ္တည္ႏိုင္ေအာင္ လမ္းေၾကာင္းေပးလိုက္တဲ့ သေဘာပါ” လို႔ ဆိုပါတယ္။ မ်ိဳးမ်ိဳးခိုင္ကိုေတာ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္

ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာပါ။ ေပးလာတဲ့ ဇာတ္ေကာင္ကာ႐ိုက္တာကိုလည္း ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ႏွစ္ေပါင္း(၃၀) ေက်ာ္အထိ ပိုင္ဆိုင္ထားႏိုင္တဲ့ ဟာသသ႐ုပ္ေဆာင္တစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူမရဲ႕ သမီးေလး ျမင့္ျမတ္ေသာ္တာကေတာ့ “ဆယ္လီ” ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီေနာက္ တီဗီေၾကာ္ျငာေတြလည္း႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။

Read in UNICODE

ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ကတော့ သူမရဲ့ တစ်ဦးတည်းသော သမီးလေး မြင့်မြတ်သော်တာရဲ့ အနုပညာဝါသနာကို ပြောပြလာပါတယ်။ လက်ရှိမှာတော့ သမီးလေးဟာ အနုပညာနဲ့ ပတ်သက်တဲ့ ကုမ္မဏီမှာ အလုပ်ဝင်လုပ်နေပြီလို့ ပြောပြခဲ့ပါတယ်။ “ သူက အခုကျောင်းပြီးသွားတော့ ဘွဲ့ယူဖို့ ကျန်တယ်။ ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်နေတယ်။ သူလုပ်တဲ့ ကုမ္မဏီက ဇာတ်လမ်းတိုလေးတွေရိုက်တယ်။ သူက သရုပ်ဆောင် မလုပ်ချင်ဘူး ဒါရိုက်တာ

လုပ်ချင်တာ။ သူ့ဝါသနာပေါ့နော်။ သူက အင်္ဂလိပ်စာလည်း အရမ်းကျွမ်းတယ်။ Covid ကာလမှာ ကိုယ်တွေက ဝင်ငွေမရှိတော့ဘူးဆိုတော့ သူ့ရဲ့ လခကနေ မိဘအတွက် တစ်ဝက်ပေးတယ်ဆိုတော့ မဆိုးဘူးပေါ့နော်။ သူ့ရဲ့ လစာထဲကနေ တတ်နိုင်သလောက်လေး လှူဖြစ်တယ်” လို့ သူကဆိုပါတယ်။ မျိုးမျိုးခိုင်နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ အနုပညာလောကထဲက ဖြစ်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့

ဆိုပါတယ်။ အနုပညာပိုင်းမှာသမီးလေးဟာ သူမထက် ပိုပြီး ကျွမ်းကျင်တာကြောင့် သူ့လမ်းသူ ဖောက်ပြီး အောင်မြင်အောင် လုပ်စေချင်တယ်လို့ ပြောပါတယ်။ “ သူ ကျွမ်းကျင်ရာကိုပဲ ပံ့ပိုးပေးသွားမှာ။ သူက ကိုယ့်ထက် အဆတစ်ရာ ကျွမ်းကျင်တယ်။ တော်တဲ့သူဖြစ်တဲ့အတွက် သူတို့လမ်း သူတို့ဖောက်ပြီး လျှောက်စေချင်တယ်။ တစ်ဦးတည်းသော သမီးလည်းဖြစ်

သူ့ကို အားလုံးက ဝိုင်းချစ်ကြတော့ လူတွေပဲ ဒီလိုလုပ်ရင် ဒီလိုရပါတယ်လေ ဆိုတာကို ဖြစ်မှာကြောက်လို့ လူတွေနဲ့ပေါင်းတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာကို သိရအောင်လို့ ချုပ်ချယ်မထားဘူး။ သူ့ခြေထောက်အပေါ် သူရပ်တည်နိုင်အောင် လမ်းကြောင်းပေးလိုက်တဲ့ သဘောပါ” လို့ ဆိုပါတယ်။ မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ်

ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို နှစ်ပေါင်း(၃၀) ကျော်အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူမရဲ့ သမီးလေး မြင့်မြတ်သော်တာကတော့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်းရိုက်ကူးထားတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *