သဘာဝဆန်ဆန် သနပ်ခါးလေးလိမ်းပြီး လွပ်လွပ်လပ်လပ်နေရတာ ကြိုက်တဲ့ ဆုပန်ထွာ
Read in UNICODE
မင်းသမီးဆုပန်ထွာကတော့ ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ မင်းသမီးတွေထဲကတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ မိသားစုဘဝလေးကိုတည်ထောင်ပြီး သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။
ဆုပန်ထွာကတော့ သူ့ရဲ့နေ့စဉ်ဘဝကို ပရိသတ်ကိုမျှဝေပေးလေ့ရှိသလို
ပကာသနမရှိလွတ်လွတ်လပ်လပ်နေထိုင်ရတာကို ခုံမင်တဲ့အကြောင်းကိုလည်း”ညနေခင်း အိမ်နေရင်း ကိုယ်အိမ်နေရင်းအကြိုက်ဆုံးပုံစံလေး။ သနပ်ခါးတွေရယ်၊ဒီနိုင်ငံမှာနွေဘက်ဆိုပူလွန်းတာမို့ အပါးဆုံးနဲ့ လွတ်လွတ်လပ်လပ်အဖြစ်ဆုံး ချည်သား၊စပန့်သားနဲ့ အခုဝတ်ထားတဲ့
အင်ဒိုနီးရှားဂါဝန်တွေပဲရှာဝတ်နိုင်တာ။ ဘယ်လောက်ဟောင်းဟောင်းစုတ်စုတ် လွတ်လပ်ပြီးအေးလို့ ဒါတွေပဲဝတ်ဖြစ်တာများတယ်။ အိမ်ရှင်မတွေအကြိုက်ဆုံး။ မေကြီးဆိုလည်းဒီတိုင်းပဲ ဒီလိုဂါဝန်ကြီးတွေပဲ သူအိမ်နေရင်းဝတ်တာအကြိုက်ဆုံး။”ဆိုပြီးတော့
သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားခဲ့တာပါ။ ဆုပန်ထွာကတော့ ပွဲအခမ်းအနားတွေမှာ ဖက်ရှင်ကျကျနဲ့လှလှပပဝတ်ဆင်လေ့ရှိသလို လွတ်လပ်တဲ့စတိုင်နဲ့နေရတာကိုလည်း ကြိုက်နှစ်သက်သူပါ။ အိမ်မှာနေရင် လွတ်လွတ်လပ်လပ်နဲ့ သဘာဝဆန်ဆန်သနပ်ခါးလိမ်းနေရတာကို ကြိုက်တတ်တဲ့အကြောင်းကို ပရိသတ်ကြီးကို ပြောပြလိုက်ပါပြီနော်…
Source : Su Pan Htwar’s Facebook | Reference & Credit : Cele Gabar