အနုပညာအလုပ်တွေမလုပ်ခင် လေယာဉ်မယ်လုပ်ခဲ့တဲ့ ပုံလေးတွေ ပရိသတ်ကြီးကို မျှဝေပေးခဲ့တဲ့ ခင်သဇင်
Read in UNICODE
ကျစ်လျစ်သွယ်လျတဲ့ဘော်ဒီလေးကိုပိုင်ဆိုင်ထားပြီး ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရင်ထဲအချိန်တိုအတွင်းရောက်ရှိလာတဲ့ မင်းသမီးချောလေးခင်သဇင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာအခုလက်ရှိပြသနေတဲ့
အချစ်ဖွဲ့လေညင်းဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာလည်း ဒေါ်မိုးကလျာအနေနဲ့ ဗီလိန်ဇာတ်ရုပ်က်ု ပီပြင်စွာသရုပ်ဆောင်ထားနိုင်တဲ့သူပါ။ ဒါ့ပြင်ခင်သဇင်ဟာ ပရိတ်သတ်အများစုအားပေးလက်ခံခဲ့တဲ့ ထာဝရနှောင်ကြိုးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း
အကောင်းဆုံးသရုပ်ဆောင်ထားနိုင်သူပါ။ အခုလက်ရှိမှာဆိုရင်လည်း ခင်သဇင်ဟာ ဂဏန်းချဉ်စပ်၊ဂဏန်းမာဆလာဟင်းများကို ကိုယ်တိုင်ချက်ကာ ရောင်းချနေတာဖြစ်ပြီး ရရှိတဲ့အမြတ်ငွေတွေကိုလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း
ခင်သဇင်ဟာသူမရဲ့Facebookစာမျက်နှာတွင် “ခင် လေယာဉ်မယ်တုန်းက ပုံလေးတွေ တွေ့ချင်ကြတယ်ဆိုလို့ ပြန်ရှာတွေ့လို့ ပြန်တင်ပေးလိုက်တယ်နော် သဲစိန်တွေရုပ်ဆိုးတယ်တော့ မပြောကြေး ” ဆိုပြီးသူမ လေယာဉ်မယ်လုပ်ခဲ့စဉ်က ပုံလေးတွေကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Khin Thazin’s Facebook | Reference & Credit : Myanmarload