ထမင်းကျွေးနေတုန်း အဖေဖြစ်သူရဲ့ ရင်ခွင်ထဲ ခေါင်းလေးမှီပြီး ကပ်ချွဲနေတဲ့ အသည်းယားစရာကာင်းလွန်းတဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး





Read in UNICODE

မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ယနေ့အချိန်မှာတော့ စန္ဒီမြင့်လွင်က သရုပ်ဆောင်ပိုင်းထက် အဆိုပိုင်းကိုပိုမိုဦးစားပေးလုပ်ကိုင်ရင်း သီချင်းတွေကို

ဆက်လက်ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒီမြင့်လွင်က ချစ်စရာသမီးလေးနဲ့ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်အနေနဲ့ အိမ်ထောင်ကျပြီး အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ ခင်လင်းထင် (ခေါ်) Treasure လို့အမည်ပေးထားတဲ့

စန္ဒီမြင့်လွင်ရဲ့သမီးလေးက သူမနဲ့တစ်ထေရာတည်းတူတာ ဖြစ်ပါတယ် ။ အခုလည်း စန္ဒီမြင့်လွင်က အိမ်မှာနေရင်း သမီးလေးနဲ့အတူ ကြည်နူးပျော်ရွှင်နေရတဲ့ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က “ဖေဖေ့နားဒိန်ချဉ်ကပ်ချွဲပြီးစားတဲ့တစ်တစ်တုတ်စူစူပုပ်” ဆိုပြီး

သမီးလေးရဲ့ဗီဒီယိုလေးကို မျှဝေထားတာ ဖြစ်ပါတယ် ။ Treasure လေးကတော့ ဖေဖေ့ရင်ခွင်ထဲမှာခေါင်းလေးမှီကာကပ်ချွဲနေပြီး အရမ်းကိုအသည်းယားချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Treasure လေးတို့သားအဖရဲ့ကြည်နူးစရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khin Lin Htin-Treasure’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *