အနန္တဂိုဏ်းဝင်ကပေးတဲ့ စိတ်ဒဏ်ရာတွေ သူငယ်တန်းကနေ ဆယ်တန်းအထိ ခံစားခဲ့ရဖူးတယ်ဆိုတဲ့ အောင်မင်းခန့်
Read in UNICODE
နိုင်းနိုင်းရဲ့ ညီတစ်ဝမ်းကွဲဖြစ်တဲ့ အောင်မင်းခန့်က အစ်ကိုဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာလောကထဲမှာ နေရာတစ်နေရာ ရရှိနေပြီ ဖြစ်ပါတယ်။ အောင်မင်းခန့်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးရတဲ့
မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အောင်မင်းခန့်က အနန္တဂိုဏ်းဝင်တွေနဲ့ ငယ်စဉ်ကစိတ်ဒဏ်ရာရရှိခဲ့ဖူးတဲ့ အကြောင်းစာစုလေးကို Share ပြီး အခုလို ရင်ဖွင့်ပြောဆိုလာပါတယ်။ အောင်မင်းခန့်က “ကျွန်တော်လည်း အနန္တဂိုဏ်းဝင်က
ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေရှိတယ်။ ရှင်းရှင်းပြောရရင် သူငယ်တန်းကနေ ၁၀ တန်းအထိပဲဆိုပါတော့။ အခုခေတ်လူငယ်တွေကို ကိုယ့်လို မဖြစ်စေချင်ဘူး။ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ကိုယ်တွေအသိဆုံးမို့ ပါ။” ဆိုပြီး သူ့ရဲ့ ငယ်ဘဝနဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလာပါတယ်။ အောင်မင်းခန့်ကတော့
ငယ်စဉ်က စိတ်ဒဏ်ရာရစရာ ကိစ္စတွေ ဘယ်လောက်ပဲရှိရှိ အခုချိန်မှာတော့ သူ့ခြေထောက်ပေါ် သူရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်တစ်ယောက် ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝတစ်လျှောက် စိတ်ချမ်းသာမှုတွေနဲ့ပဲ ကြုံတွေ့ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Aung Min Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *