ရုပ်ရှင်လောကသား အနုပညာရှင်တွေအတွက် အလှူငွေ(၁၂)သိန်းတိတိ လှူဒါန်းခဲ့တဲ့ ဦးကျော်သူ
Read in UNICODE
ဆယ်သုနှစ်တွေကတည်းက အနုပညာလောကမှာ ယနေ့အချိန်ထိ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို ရရှိထားပြီး ပရဟိတအလုပ်တွေလည်း လုပ်ဆောင်နေသူကတော့ မင်းသားကြီးဦးကျော်သူပဲ ဖြစ်ပါတယ်..။အောင်မြင်ကျော်ကြားတဲ့ အကယ်ဒမီမင်းသားကြီးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးဝန်းရံမှုတွေကို
အခိုင်အမာရရှိထားသလို ပရဟိတအလုပ်တွေမှာ ပြည်သူပရိသတ်တွေရဲ့ လေးစားချီးကျူးမှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်..။ ပရဟိတအလုပ်တွေကို စိတ်ရောလူရော အားသွန်ခွန်စိုက် တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ပြည်သူပရိသတ်တွေအတွက်
အမြဲကူညီဖေးမနေတဲ့ ဦးကျော်သူကတော့ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်နေသူပါပဲ..။ အခုတစ်ခါမှာလည်း ဦးကျော်သူတစ်ယောက် ရုပ်ရှင်လောကသား အနုပညာရှင်တွေအတွက် အလှူငွေတွေ သိန်းဆယ်ချီ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။ ရုပ်ရှင်မင်းသားကြီး
ဒါရိုက်တာ အကယ်ဒမီ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများ၊ ဇာတ်ပို့ဇာတ်ရံအလွှာ၊ ဇာတ်ညွန်းအလွှာနဲ့ အစည်းအရုံးဝန်ထမ်းများအတွက် ကိုရီးယား (Export)မှ
မိုးကာအကျီများအား ဝယ်ယူရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တစ်ဆင့် ဝယ်ယူလှူဒါန်းနိုင်ဖို့အတွက် အလှူငွေ (၁,၂၀၀,၀၀၀/-) တစ်ဆယ့်နှစ်သိန်းတိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။ ဦးကျော်သူရဲ့ မွန်မြတ်လွန်းတဲ့ အလှူလေးကိုလည်း ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်စွာနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။
Source : Kyaw Thu’s Facebook | Reference & Credit : Myanamarload