ေမြးေန႔စပ႐ိုက္ လုပ္ေပးခဲ့တဲ့ သားေလးေၾကာင့္ အရမ္းေပ်ာ္ရတယ္ဆိုတဲ့ ေအးေအးခိုင္

ေမလ(၂၉) ရက္ေန႔ကေတာ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေအးေအးခိုင္ရဲ႕ ေမြးေန႔ျဖစ္ပါတယ္။ Covid ကာလမွာ စိတ္ဓာတ္က်ေနမိတဲ့ သူမကို ျပည္ပမွာရွိတဲ့ သားေလးနဲ႔ သူငယ္ခ်င္းေတြကလုပ္ေပးတဲ့ ေမြးေန႔ အမွတ္တရ ေၾကာင့္ အရမ္းေပ်ာ္ေနရတယ္လို႔ ေျပာျပလာပါတယ္။ “ အခုပဲ သားရဲ႕ သူငယ္ခ်င္းေတြက ကိတ္မုန႔္နဲ႔ ပန္းစည္းနဲ႔ လာေပးၾကတယ္။ သားကိုလည္း Video Call ခၚၿပီးေတာ့ လုပ္ေပးၾကရွာတယ္။ ၿခံအေရွ႕မွာ ကိတ္မုန႔္ နဲ႔ ပန္းစည္းနဲ႔ ကိုင္ၿပီး ေစာင့္ေနၾကတာ။ ဖုန္းလည္း မဆက္ၾကဘူး။ကိုယ့္တစ္သက္မွာ တစ္ခါမွ မႀကဳံဖူးပါဘူးကြယ္” လို႔ သူက ဆိုပါတယ္။ေအးေအးခိုင္ရဲ႕ တစ္ဦးတည္းေသာ

သားေလး ဉာဏ္ေသြးဟန္က ျပည္ပမွာ ေနထိုင္တာျဖစ္ၿပီး မိခင္အတြက္ ဗီဒီယိုဖိုင္ တစ္ခုခ်င္းစီလုပ္ၿပီး ေမြးေန႔ဆုေတာင္းစကားေတြေျပာေပးခဲ့တာ ေတြ႕ရပါတယ္။ သားေလးေၾကာင့္ ေမြးေန႔မွာ အရမ္းပီတိျဖစ္ရတယ္လို႔ ေအးေအးခိုင္က ေျပာပါတယ္။ “ မနက္ေစာေစာစီးစီး သားသားက ေမေမ့ကို Birthday wish လာလုပ္ေရာ။ ဒီအခ်ိန္မွာ အကုန္လုံးက စိတ္ဓာတ္က်ေနတဲ့အခ်ိန္ဆိုေတာ့ ကိုယ့္သားေလးလည္း ေမြးေန႔ကို ေမ့ေနမွာပဲေပါ့။ ဘယ္သူ႔ကိုမွလည္း မေျပာျဖစ္ဘူး။ ဒီတစ္ခါေတာ့ အရမ္းခံစားရတယ္၊ တကယ္ကို စိတ္ညစ္သြားတယ္။ မနက္က အိမ္မွာ

ဘုရားရွိခိုးၿပီး ထမင္းဟင္းခ်က္ေနတဲ့အခ်ိန္မွာ သားသားက Birthday wish လုပ္ေပးတဲ့အျပင္ သူ႔ သူငယ္ခ်င္းေတြကလည္း ဗီဒီယိုဖိုင္ေလးေတြနဲ႔ Birthday သီခ်င္းေလးေတြဆိုျပေတာ့ ဘယ္လို ပီတိျဖစ္သြားမွန္းကို မသိဘူး။ သားသားရဲ႕ သူငယ္ခ်င္းေတြကလည္း ကိုယ့္အတြက္ သားေတြ၊ သမီးေတြလိုပဲ” လို႔ သူကဆိုပါတယ္။ေအးေအးခိုင္ဟာ ၂၀၁၉ ခုႏွစ္တုန္းက ေမြးေန႔အမွတ္တရေလးကိုပဲ ျပန္လြမ္းေနမိပါတယ္တဲ့။ အေဝးမွာေနတဲ့ အစ္ကို၊ အစ္မေတြကလည္း ေမြးေန႔ဆုေတာင္းစကားေတြ ေျပာေပးခဲ့ၾကတယ္လို႔လည္း

သူက ဆိုပါတယ္။ “ မႏွစ္က သားသားဆီမွာဆိုေတာ့ အစ္မ အရမ္းေပ်ာ္တယ္ေလ။ အစ္မရဲ႕ အစ္မေတြကလည္း Birthday wish လုပ္ေပးၾကတယ္။ အဲဒါေလးကို ကိုယ္က လြမ္းေနတာ။ မႏွစ္ကဆိုရင္ ငါ့သားေလး၊ ငါ့တူေလးေတြ နဲ႔ ဟိုမွာ ေပ်ာ္ေနရတယ္ေပါ့ေနာ္။ ဒီအေပ်ာ္ ျပန္မရဘူးေပါ့။ အခုက်ေတာ့ အစ္မရဲ႕ သားရယ္၊ အစ္မရဲ႕ အစ္မရယ္၊ အစ္ကိုရယ္အကုန္လုံးက ၾသစေတးလ်မွာဆိုေတာ့ သူတို႔ေတြက ဟိုကေန Birthday Wish လွမ္းလုပ္ေပးၾကတယ္။ အေဝးကေမာင္ႏွမေတြက

ကိုယ့္ကိုမေမ့ၾကတဲ့ အတြက္ အရမ္းပီတိျဖစ္ရတယ္။ အရမ္းေပ်ာ္ရပါတယ္” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ေအးေအးခိုင္ကေတာ့ ဟာသသ႐ုပ္ေဆာင္အျဖစ္ ဇာတ္ကားေတြမွာပါဝင္ၿပီး ပရိသတ္အားေပးမႈ စတင္ရရွိလာခဲ့သူပါ။ သူ႔မွာေတာ့ ဉာဏ္ေသြးဟန္ ဆိုတဲ့ သားေလးတစ္ေယာက္ရွိပါတယ္။ သားေလး ၆ ႏွစ္အ႐ြယ္ကတည္းက ခင္ပြန္းျဖစ္သူ ကြယ္လြန္ခဲ့တာေၾကာင့္ မိခင္တစ္ေယာက္တည္း အင္အားနဲ႔ ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္လို႔လည္း သိရပါတယ္။ သားျဖစ္သူ ဉာဏ္ေသြးဟန္ကလည္း ပညာေရးမွာ ထူးခြၽန္သူတစ္ေယာက္ ျဖစ္ပါတယ္။

Read in UNICODE

မေလ(၂၉) ရက်နေ့ကတော့ ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ Covid ကာလမှာ စိတ်ဓာတ်ကျနေမိတဲ့ သူမကို ပြည်ပမှာရှိတဲ့ သားလေးနဲ့ သူငယ်ချင်းတွေကလုပ်ပေးတဲ့ မွေးနေ့ အမှတ်တရ ကြောင့် အရမ်းပျော်နေရတယ်လို့ ပြောပြလာပါတယ်။ “ အခုပဲ သားရဲ့ သူငယ်ချင်းတွေက ကိတ်မုန့်နဲ့ ပန်းစည်းနဲ့ လာပေးကြတယ်။ သားကိုလည်း Video Call ခါ်ပြီးတော့ လုပ်ပေးကြရှာတယ်။ ခြံအရှေ့မှာ ကိတ်မုန့် နဲ့ ပန်းစည်းနဲ့ ကိုင်ပြီး စောင့်နေကြတာ။ ဖုန်းလည်း မဆက်ကြဘူး။ကိုယ့်တစ်သက်မှာ တစ်ခါမှ မကြုံဖူးပါဘူးကွယ်” လို့ သူက ဆိုပါတယ်။အေးအေးခိုင်ရဲ့ တစ်ဦးတည်းသော

သားလေး ဉာဏ်သွေးဟန်က ပြည်ပမှာ နေထိုင်တာဖြစ်ပြီး မိခင်အတွက် ဗီဒီယိုဖိုင် တစ်ခုချင်းစီလုပ်ပြီး မွေးနေ့ဆုတောင်းစကားတွေပြောပေးခဲ့တာ တွေ့ရပါတယ်။ သားလေးကြောင့် မွေးနေ့မှာ အရမ်းပီတိဖြစ်ရတယ်လို့ အေးအေးခိုင်က ပြောပါတယ်။ “ မနက်စောစောစီးစီး သားသားက မေမေ့ကို Birthday wish လာလုပ်ရော။ ဒီအချိန်မှာ အကုန်လုံးက စိတ်ဓာတ်ကျနေတဲ့အချိန်ဆိုတော့ ကိုယ့်သားလေးလည်း မွေးနေ့ကို မေ့နေမှာပဲပေါ့။ ဘယ်သူ့ကိုမှလည်း မပြောဖြစ်ဘူး။ ဒီတစ်ခါတော့ အရမ်းခံစားရတယ်၊ တကယ်ကို စိတ်ညစ်သွားတယ်။ မနက်က အိမ်မှာ

ဘုရားရှိခိုးပြီး ထမင်းဟင်းချက်နေတဲ့အချိန်မှာ သားသားက Birthday wish လုပ်ပေးတဲ့အပြင် သူ့ သူငယ်ချင်းတွေကလည်း ဗီဒီယိုဖိုင်လေးတွေနဲ့ Birthday သီချင်းလေးတွေဆိုပြတော့ ဘယ်လို ပီတိဖြစ်သွားမှန်းကို မသိဘူး။ သားသားရဲ့ သူငယ်ချင်းတွေကလည်း ကိုယ့်အတွက် သားတွေ၊ သမီးတွေလိုပဲ” လို့ သူကဆိုပါတယ်။အေးအေးခိုင်ဟာ ၂၀၁၉ ခုနှစ်တုန်းက မွေးနေ့အမှတ်တရလေးကိုပဲ ပြန်လွမ်းနေမိပါတယ်တဲ့။ အဝေးမှာနေတဲ့ အစ်ကို၊ အစ်မတွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောပေးခဲ့ကြတယ်လို့လည်း

သူက ဆိုပါတယ်။ “ မနှစ်က သားသားဆီမှာဆိုတော့ အစ်မ အရမ်းပျော်တယ်လေ။ အစ်မရဲ့ အစ်မတွေကလည်း Birthday wish လုပ်ပေးကြတယ်။ အဲဒါလေးကို ကိုယ်က လွမ်းနေတာ။ မနှစ်ကဆိုရင် ငါ့သားလေး၊ ငါ့တူလေးတွေ နဲ့ ဟိုမှာ ပျော်နေရတယ်ပေါ့နော်။ ဒီအပျော် ပြန်မရဘူးပေါ့။ အခုကျတော့ အစ်မရဲ့ သားရယ်၊ အစ်မရဲ့ အစ်မရယ်၊ အစ်ကိုရယ်အကုန်လုံးက သြစတေးလျမှာဆိုတော့ သူတို့တွေက ဟိုကနေ Birthday Wish လှမ်းလုပ်ပေးကြတယ်။ အဝေးကမောင်နှမတွေက

ကိုယ့်ကိုမမေ့ကြတဲ့ အတွက် အရမ်းပီတိဖြစ်ရတယ်။ အရမ်းပျော်ရပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *