ကြည့်ရူသူပရိသတ်တိုင်း ကြည်နူးသွားရအောင် လမ်းမှာတွေ့တဲ့လူတိုင်းကို လိုက်လံလှူဒါန်းခဲ့တဲ့ ဖြူဖြူထွေး
Read in UNICODE
ဖြူဖြူထွေးကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ရိုးရိုးယဉ်ယဉ်လေးလှနေတတ်တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက စကားပြောပွင့်လင်းချိုသာသလို ဟန်ဆောင်မှုကင်းကင်းနေထိုင်တတ်တာကြောင့် လူချစ်လူခင်ပေါများနေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက
နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားဖြူစင်ပြီး အလှူအတန်းအင်မတန်ရက်ရောသူလေးပဲ ဖြစ်ပါတယ်။ဖြူဖြူထွေးက မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိပြီး သူမရဲ့အလှူဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ
မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက အခုလိုစားဝတ်နေရေးခက်ခဲနေတဲ့အချိန်မှာ အမှန်တကယ်လိုအပ်နေတဲ့သူတွေကို သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဆန်၊ဆီ၊ပဲနဲ့ ဆေးဝါးတွေပါတဲ့အိတ်လေးတွေကို
ကိုယ်တိုင်ကိုယ်ကျပေးအပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ် ။ဖြူဖြူထွေးက “စိတ်ပင်ပန်းမှုတွေရှိပေမယ့် ဖြူဖြူထွေးအတွက် ဒါလေးတွေက အားဆေးတစ်ခွက်လိုပါပဲ” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ဖြူဖြူထွေးရဲ့အလှူ
ဗီဒီယိုလေးကတော့ ကြည့်ရှုသူပရိသတ်တွေကိုပါ ကြည်နူးပီတိတွေကူးစက်သွားစေနိုင်လောက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အလှူဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanamrload
Add a Comment
Your email address will not be published. Required fields are marked *