အခက္အခဲေတြၾကံဳေနၾကတဲ့ အႏုပညာရွင္ေတြအတြက္ သိန္းရာနဲ႔ခ်ီၿပီး ထပ္မံလွဴဒါန္းဦးမယ္ဆိုတဲ့ ဦးဇာဂနာ

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ တခဲနက္အားေပးဝန္းရံမႈေတြကို ဆယ္စုႏွစ္ေတြကတည္းက အခိုင္အမာရရွိထားသူကေတာ့ ဝါရင့္အႏုပညာရွင္ သ႐ုပ္ေဆာင္ဦးဇာဂနာပဲ ျဖစ္ပါတယ္ေနာ္..။ အႏုပညာေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္အျဖစ္ရပ္တည္ေနသလို ႏိုင္ငံေရးဘက္မွာလည္း ဝင္ဆံ့တဲ့ ဦးဇာဂနာကေတာ့ အလႉအတန္းေတြကိုလည္း

မၾကာခဏျပဳလုပ္ေလ့ရွိသူပါပဲ..။ တတ္ႏိုင္သေလာက္ေလး အေကာင္းဆုံး လႉဒါန္းမႈေတြ ျပဳလုပ္ေနတဲ့ ဦးဇာဂနာဟာ ၿပီးခဲ့တဲ့ရက္ကလည္း ခက္ခဲေနၾကတဲ့ အႏုပညာရွင္ေတြအတြက္လည္း အလႉေငြေတြ သိန္းရာခ်ီ လႉဒါန္းခဲ့ျပန္ပါတယ္ေနာ္..။ ႐ုပ္ရွင္ဘက္က အႏုပညာရွင္ (၆၅)ေယာက္၊ ဂီတအႏုပညာရွင္ (၂၅) ေယာက္နဲ႔ သဘင္အႏုပညာရွင္ (၇၅)ေယာက္ စုစုေပါင္း (၁၆၅)ေယာက္အတြက္ တစ္ေယာက္(၁)သိန္းႏႈန္းနဲ႔ အလႉေငြ (၁၆၅)သိန္းကို ေပးအပ္လႉဒါန္းခဲ့တာ

ျဖစ္ပါတယ္..။ စိတ္တူကိုယ္တူသူငယ္ခ်င္းေတြစုၿပီး တႏိုင္တပိုင္ေလးေတြ လႉေနၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း အႏုပညာရွင္အိမ္ေတြေတည္ေတာ္မ်ားမ်ားကိုလည္း ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ေတြ ေပးပို႔လႉဒါန္းခဲ့ကာ အခုလည္း (၁၆၅)သိန္းကို လႉဒါန္းခဲ့တာျဖစ္ၿပီး ထပ္မံၿပီးလႉဒါန္းသြားဦးမယ့္ အေၾကာင္းကိုလည္း ဦးဇာဂနက ေျပာျပထားပါေသးတယ္..။ “အလႉကေတာ့ လႉျဖစ္ပါတယ္ မေန႔ကလည္း

ဒီလိုအခ်ိန္မွာ လႉျဖစ္တယ္ နဂိုကတည္းက စိတ္တူကိုယ္တူသူငယ္ခ်င္းေတြစုၿပီး တႏိုင္တပိုင္ေလးေတြ လႉေနၾက ေနမေကာင္းျဖစ္ေနတဲ့လူေတြကို လိုက္လႉျဖစ္တယ္ ဧၿပီ၁ရက္ေန႔မွာ sky star hotal မွာ ပိုက္ဆံလႉမယ္ဆိုၿပီး စီစဥ္ထားတာ ကိုဗစ္ျဖစ္ေတာ့ မလုပ္ျဖစ္လိုက္ဘူး ခုခ်ိန္မွာ ပိုက္ဆံလိုေနမွာမို႔ အာ့ဒါကို ထိုင္ေစာင့္မေနေတာ့ဘဲ အခုလႉလိုက္တာပါ..” ဆိုၿပီး ေျပာျပထားတဲ့ ဦးဇာဂနာရဧ့ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

အနုပညာလောကမှာ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားသူကတော့ ဝါရင့်အနုပညာရှင် သရုပ်ဆောင်ဦးဇာဂနာပဲ ဖြစ်ပါတယ်နော်..။ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ်ရပ်တည်နေသလို နိုင်ငံရေးဘက်မှာလည်း ဝင်ဆံ့တဲ့ ဦးဇာဂနာကတော့ အလှူအတန်းတွေကိုလည်း

မကြာခဏပြုလုပ်လေ့ရှိသူပါပဲ..။ တတ်နိုင်သလောက်လေး အကောင်းဆုံး လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ဦးဇာဂနာဟာ ပြီးခဲ့တဲ့ရက်ကလည်း ခက်ခဲနေကြတဲ့ အနုပညာရှင်တွေအတွက်လည်း အလှူငွေတွေ သိန်းရာချီ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။ ရုပ်ရှင်ဘက်က အနုပညာရှင် (၆၅)ယောက်၊ ဂီတအနုပညာရှင် (၂၅) ယောက်နဲ့ သဘင်အနုပညာရှင် (၇၅)ယောက် စုစုပေါင်း (၁၆၅)ယောက်အတွက် တစ်ယောက်(၁)သိန်းနှုန်းနဲ့ အလှူငွေ (၁၆၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့တာ

ဖြစ်ပါတယ်..။ စိတ်တူကိုယ်တူသူငယ်ချင်းတွေစုပြီး တနိုင်တပိုင်လေးတွေ လှူနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အနုပညာရှင်အိမ်တွေတေည်တော်များများကိုလည်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ ပေးပို့လှူဒါန်းခဲ့ကာ အခုလည်း (၁၆၅)သိန်းကို လှူဒါန်းခဲ့တာဖြစ်ပြီး ထပ်မံပြီးလှူဒါန်းသွားဦးမယ့် အကြောင်းကိုလည်း ဦးဇာဂနက ပြောပြထားပါသေးတယ်..။ “အလှူကတော့ လှူဖြစ်ပါတယ် မနေ့ကလည်း

ဒီလိုအချိန်မှာ လှူဖြစ်တယ် နဂိုကတည်းက စိတ်တူကိုယ်တူသူငယ်ချင်းတွေစုပြီး တနိုင်တပိုင်လေးတွေ လှူနေကြ နေမကောင်းဖြစ်နေတဲ့လူတွေကို လိုက်လှူဖြစ်တယ် ဧပြီ၁ရက်နေ့မှာ sky star hotal မှာ ပိုက်ဆံလှူမယ်ဆိုပြီး စီစဉ်ထားတာ ကိုဗစ်ဖြစ်တော့ မလုပ်ဖြစ်လိုက်ဘူး ခုချိန်မှာ ပိုက်ဆံလိုနေမှာမို့ အာ့ဒါကို ထိုင်စောင့်မနေတော့ဘဲ အခုလှူလိုက်တာပါ..” ဆိုပြီး ပြောပြထားတဲ့ ဦးဇာဂနာရဧ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : UThura Zarganar’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *