ဈေးရောင်းရင်းရတဲ့ အမြတ်ငွေလေးတွေကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ အိအိတုန်





Read in UNICODE

ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ အိအိတုန် ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူမကတော့ ဆယ်စုနှစ်လောက်ကနေ အနုပညာလောကမှာ လျှောက်လှမ်းခဲ့ပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အိအိတုန် ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုလည်း

ရရှိပိုင်ဆိုင်ထားပြီး ဘဝကိုပျော်ပျော်ရွှင်နဲ့ ဖြတ်သန်းနေထိုင်နေတာပဲဖြစ်ပါတယ်။ အိအိတုန်အနေနဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကိုတောင် လွယ်ထားရပြီဖြစ်ပါတယ်။လက်ရှိမှာတော့ အိအိတုန်က အနုပညာအလုပ်တွေအရင်ကထက်မလုပ်တော့ပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို

ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ယခုမှာဆိုရင်လည်း အိအိတုန် က ဈေးရောင်းလို့ ရတဲ့ ငွေလေးတွေနဲ့အတူ ပီတိဝမ်းသာပြီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အိအိတုန် က ” ဒီနေ့ရောင်းရငွေသည်နောက်ရက်အတွက်အရင်းဖြစ်သည်

ဒီလိုနဲ့ဘဲသံသရာလည်ချစ်တုန်းတို့ရေကျေးဇူးအများကြီးတင်ပါတယ်ဒီထက်အလန်းတွေဘဲတင်နိုင်အောင်မဗိုက်လေးကြိုးစားနေပါတယ် ” ဆိုပြီး ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အချစ်တော်လေး အိအိတုန် ကို ဒီထပ်မက စီးပွားရေးအဆင်ပြေအောင် ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်… ။

Source : Ei Tone’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *