အရာရာပ်က္စီးၿပီး ဘဝအသစ္ျပန္စေနတဲ့အခ်ိန္မွာ တည္ၿငိမ္ေနၿပီလို႔ ရင္ဖြင့္ခဲ့တဲ့ ခ်မ္းခ်မ္း
|သီခ်င္းဆိုျပိဳင္ပြဲ(Melody World)ကေန လူသိမ်ားထင္ရွားလာတဲ့ အဆိုေတာ္ခ်မ္းခ်မ္းဟာ သူမရဲ့ ဘဝတစ္ေလွ်ာက္ ၾကံဳေတြ့ခဲ့ရတဲ့ အခက္အခဲေတြမ်ားစြာရိွခဲ့တာပဲ ျဖစ္ပါတယ္။ ခ်မ္းခ်မ္းက သူမဘဝမွာ ၾကံဳဆံုခဲ့ရတာေတြကို အေကာင္းဆံုးျပင္ဆင္ျပီး ေနထိုင္ေနေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “အရင္တုန္းကမေတြးမိတ့ဲအေတြးေတြဟာအသက္အရြယ္ရလာတ့ဲအခါ…

ဘဝျဖတ္သန္းပုံအေနအထားေပၚမူတည္ၿပီးသိလာျမင္တတ္လာတယ္။” “အခုဆိုဘာေတြပဲျဖစ္လာလာ ၾကဳံလာသမွ်ကိုျပံဳးျပဳးံေလးန႔ဲတု႔ံျပန္ဖို႔ပဲျပင္ဆင္ျဖစ္ေတာ့တယ္။ ဒါဟာ က်မဘဝရ႕ဲအေတြ႔အၾကဳံကိုက်မကိုယ္တိုင္သင္ခန္းစာျပန္ယူႏိုင္ခ့ဲလို႔ အခုလိုအရာရာပ်က္စီးၿပီးဘဝအသစ္ကိုျပန္စေနရတ့ဲအခ်ိန္မွာတည္ၿငိမ္ေနတာပါပဲ။ ဘဝဆိုတာခံယူတတ္ရင္ေနတတ္ရင္

ေသေပ်ာ္ပါတယ္။ ရန္သူနည္းေအာင္ေန သူမ်ားအေၾကာင္းစိတ္မဝင္စားန႔ဲ ေတြ႔တိုင္းအလိုခ်င္မဝယ္ခ်င္န႔ဲ ရိွတာန႔ဲေလာက္ေအာင္သုံး။ သူတပါးကိုအားမက်န႔ဲ မႏႉိင္းန႔ဲ။ ဒါဆို ဘာပဲေျပာေျပာ ခံသာတယ္။ အကုသိုလ္နည္းလာမယ္။” “ဘယ္သူမွမိသားစုမၿပိဳကြဲခ်င္ဘူး။ ကိုယ္ခ်စ္တ့ဲသူကို ကိုယ့္ပဲခ်စ္ေစခ်င္တာေပါ့။ ဒါေပမ့ဲကိုယ့္အနား ေနမေပ်ာ္ ၾကေတာ့တ့ဲအခါမ်ိဳးမွာ

ဘယ္သူမွမစြန္႔လြတ္ခ်င္ဘူး။ ျဖစ္လာေတာ့လဲ ဘယ္တတ္ႏိုင္မလဲ..လက္ေလ်ာ့ အ႐ူးံေပးစြန္႔လြတ္႐ုံကလြဲလို႔တျခားနည္းလမ္းမရိွ။ သူတို႔ေတေပ်ာ္သြားရင္ေတာ့လက္လႊတ္လိုက္ရက်ိဴးနပ္တာေပါ့ေလ။ ဘယ္သူမွရင္မနာရပဲျပီးသြားတ့ဲဇာတ္ဆိုတာမရိွဘူး။ အနည္းဆုံးေတာ့ သစၥာေဖာက္ခံရသူေတက အႀကီးအက်ယ္နစနာၾကသူေတြပဲ။ ဒါေပမ့ဲ

အဆိုးထဲကအေကာင္းေရြးရင္ ကိုယ္ဟာသူ႔အတြက္တသက္စာလက္တြဲေဖာ္မျဖစ္ထိုက္လုိ႔ ဘုရားသခင္ကဖယ္လိုကတ္ယ္လို႔ပဲေတြးလိုက္ပါတယ္။” ဆိုျပီး ေျပာလာပါတယ္။ ခ်မ္းခ်မ္းကေတာ့ လက္ရိွမွာ သူမရဲ့သမီးေလးနဲ့အတူတူ ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ရင္း ေန့ရက္တိုင္းကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။
Read in UNICODE
သီချင်းဆိုပြိုင်ပွဲ(Melody World)ကနေ လူသိများထင်ရှားလာတဲ့ အဆိုတော်ချမ်းချမ်းဟာ သူမရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေများစွာရှိခဲ့တာပဲ ဖြစ်ပါတယ်။ ချမ်းချမ်းက သူမဘဝမှာ ကြုံဆုံခဲ့ရတာတွေကို အကောင်းဆုံးပြင်ဆင်ပြီး နေထိုင်နေကြောင်း အခုလိုပဲ ပြောလာပါတယ်။ “အရင်တုန်းကမတွေးမိတဲ့အတွေးတွေဟာအသက်အရွယ်ရလာတဲ့အခါ…

ဘဝဖြတ်သန်းပုံအနေအထားပေါ်မူတည်ပြီးသိလာမြင်တတ်လာတယ်။” “အခုဆိုဘာတွေပဲဖြစ်လာလာ ကြုံလာသမျှကိုပြုံးပြုးံလေးနဲ့တုံ့ပြန်ဖို့ပဲပြင်ဆင်ဖြစ်တော့တယ်။ ဒါဟာ ကျမဘဝရဲ့အတွေ့အကြုံကိုကျမကိုယ်တိုင်သင်ခန်းစာပြန်ယူနိုင်ခဲ့လို့ အခုလိုအရာရာပျက်စီးပြီးဘဝအသစ်ကိုပြန်စနေရတဲ့အချိန်မှာတည်ငြိမ်နေတာပါပဲ။ ဘဝဆိုတာခံယူတတ်ရင်နေတတ်ရင်

သေပျော်ပါတယ်။ ရန်သူနည်းအောင်နေ သူများအကြောင်းစိတ်မဝင်စားနဲ့ တွေ့တိုင်းအလိုချင်မဝယ်ချင်နဲ့ ရှိတာနဲ့လောက်အောင်သုံး။ သူတပါးကိုအားမကျနဲ့ မနှိူင်းနဲ့။ ဒါဆို ဘာပဲပြောပြော ခံသာတယ်။ အကုသိုလ်နည်းလာမယ်။” “ဘယ်သူမှမိသားစုမပြိုကွဲချင်ဘူး။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ပဲချစ်စေချင်တာပေါ့။ ဒါပေမဲ့ကိုယ့်အနား နေမပျော် ကြတော့တဲ့အခါမျိုးမှာ

ဘယ်သူမှမစွန့်လွတ်ချင်ဘူး။ ဖြစ်လာတော့လဲ ဘယ်တတ်နိုင်မလဲ..လက်လျော့ အရူးံပေးစွန့်လွတ်ရုံကလွဲလို့တခြားနည်းလမ်းမရှိ။ သူတို့တေပျော်သွားရင်တော့လက်လွှတ်လိုက်ရကျိူးနပ်တာပေါ့လေ။ ဘယ်သူမှရင်မနာရပဲပြီးသွားတဲ့ဇာတ်ဆိုတာမရှိဘူး။ အနည်းဆုံးတော့ သစ္စာဖောက်ခံရသူတေက အကြီးအကျယ်နစနာကြသူတွေပဲ။ ဒါပေမဲ့

အဆိုးထဲကအကောင်းရွေးရင် ကိုယ်ဟာသူ့အတွက်တသက်စာလက်တွဲဖော်မဖြစ်ထိုက်လို့ ဘုရားသခင်ကဖယ်လိုကတ်ယ်လို့ပဲတွေးလိုက်ပါတယ်။” ဆိုပြီး ပြောလာပါတယ်။ ချမ်းချမ်းကတော့ လက်ရှိမှာ သူမရဲ့သမီးလေးနဲ့အတူတူ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း နေ့ရက်တိုင်းကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Chan Chan’s Facebook