ေလွာ္ကားဥယ်ာဥ္ထဲက တိရစၧာန္ေတြကို အစားအစာေတြ ကိုယ္တိုင္သြားေကြ်းၿပီး ကုသိုလ္ယူခဲ့တဲ့ ဆုပန္ထြာတို႔ မိသားစု

မင္းသမီးေခ်ာေလး ဆုပန္ထြာဟာ သ႐ုပ္ေဆာင္ဘက္တြင္သာမကဘဲ အဆိုဘက္မွာပါထူးခြၽန္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္အျဖစ္ ဆယ္စုႏွစ္ေတြမ်ားစြာတိုင္ေအာင္ ရပ္တည္လ်က္ရွိေနတာပဲ ျဖစ္ပါတယ္။ ပန္ပန္ဟာ

အႏုပညာအလုပ္ဘက္တြင္သာမက မိသားစုကိုလည္း အၿမဲတမ္း ေပ်ာ္႐ႊင္ခ်မ္းေျမ့ေအာင္ ဖန္တီးေပးသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ခ်စ္ခင္ပြန္းကလည္း အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ခင္ေစာင့္ေရွာက္မႈေတြေၾကာင့္လည္း ပန္ပန္တစ္ေယာက္ ေပ်ာ္႐ႊင္ၾကည္ႏူးေနရတာပါ။ ပန္ပန္ဟာ လတ္တေလာ Home Stay

ကာလေလးမွာ အိမ္မွာ ခ်စ္ရတဲ့ မိသားစုဝင္မ်ားကို ဟင္းေတြ တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရေအာင္ ခ်က္ျပဳတ္ေပးေနတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ လႈပ္ရွားမႈေတြနဲ႔ သားေလးရဲ႕ ဗီဒီယိုေလးေတြကိုလည္း ပန္ပန္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ အၿမဲေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ မေန႔ကေတာ့

မိသားစုနဲ႔အတူ ေလွာ္ကားဥယ်ာဥ္တြင္ ေမ်ာက္ကေလးေတြကို အစာသြားေကြၽးတဲ့ ဗီဒီယိုေလးတစ္ခု တင္ထားတာပဲ ျဖစ္ပါတယ္။ ” ပန္ပန္တို႔ဒီေန႔ ေလွာ္ကားဥယ်ာဥ္ထဲမွာ ေျမာက္ကေလးေတြအစာအတြက္ ဌက္ေပ်ာသီးအဖီး ၁၀၀ သြားလႉရင္း…..ေလွာ္ကားဥယ်ာဥ္ကပိတ္ထားတာမို႔

ေမ်ာက္စာ၊တရိစာၦန္အစာအတြက္ လႉခ်င္တယ္ဆို သူတို႔လႉခြင့္ေပးရင္း၊ အလႉရွင္ေတြပဲအထဲဝင္ခြင့္ေပးပါတယ္။ တရိစၦန္မ်ားအားအစာေကြၽးခ်င္ေသာသူမ်ား သြားလႉဖို႔တိုက္တြန္းပါတယ္ရွင္။ Okkar Kyaw,Anan Dar ” ဆိုၿပီး ေရးသားထားတာပဲျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီဗီဒီယိုေလးကို တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Read in UNICODE

မင်းသမီးချောလေး ဆုပန်ထွာဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါထူးချွန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဆယ်စုနှစ်တွေများစွာတိုင်အောင် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပန်ပန်ဟာ

အနုပညာအလုပ်ဘက်တွင်သာမက မိသားစုကိုလည်း အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့အောင် ဖန်တီးပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်ခင်ပွန်းကလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်စောင့်ရှောက်မှုတွေကြောင့်လည်း ပန်ပန်တစ်ယောက် ပျော်ရွှင်ကြည်နူးနေရတာပါ။ ပန်ပန်ဟာ လတ်တလော Home Stay

ကာလလေးမှာ အိမ်မှာ ချစ်ရတဲ့ မိသားစုဝင်များကို ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ချက်ပြုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေနဲ့ သားလေးရဲ့ ဗီဒီယိုလေးတွေကိုလည်း ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကတော့

မိသားစုနဲ့အတူ လှော်ကားဥယျာဉ်တွင် မျောက်ကလေးတွေကို အစာသွားကျွေးတဲ့ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ” ပန်ပန်တို့ဒီနေ့ လှော်ကားဥယျာဉ်ထဲမှာ မြောက်ကလေးတွေအစာအတွက် ဌက်ပျောသီးအဖီး ၁၀၀ သွားလှူရင်း…..လှော်ကားဥယျာဉ်ကပိတ်ထားတာမို့

မျောက်စာ၊တရိစ္ဆာန်အစာအတွက် လှူချင်တယ်ဆို သူတို့လှူခွင့်ပေးရင်း၊ အလှူရှင်တွေပဲအထဲဝင်ခွင့်ပေးပါတယ်။ တရိစ္ဆန်များအားအစာကျွေးချင်သောသူများ သွားလှူဖို့တိုက်တွန်းပါတယ်ရှင်။ Okkar Kyaw,Anan Dar ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Supan Htwar & Okkar Kyaw’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *