ကျန်းမာရေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးနေကြတဲ့ မိုးဟေကိုတို့ မိသားစု






Read in UNICODE

သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကိုဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေအတွက်

ဇာတ်အိမ်ကောင်းမွန်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများသာ ရွေးချယ်ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ မိုးဟာ အနုပညာလောကမှာသာမက စီးပွားရေးဘက်မှာလည်း ထူးချွန်တဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ နေပုံထိုင်ပုံနဲ့

ပြောဆိုပုံလေးဟာလည်း တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေကတော့ မချစ်ပဲနဲ့ မနေနိုင်အောင်ကို ဖြစ်နေရတာလည်း ဖြစ်ပါတယ်။ သူမကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပုံရိပ်လေးတွေကို

ဝေမျှပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အခုမှာလည်း ” မနေ့က မိုးမိသားစု တုတ်ကွေးကာကွယ်ဆေးထိုးဖြစ်တယ် အားလုံးလဲ ကျန်းမာရေးဂရုစိုက်ကြပါနော် ကျွန်မချစ်သော ရှင်သန်ခြင်းနေ့သစ်များ” ဆိုပြီး

သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကျန်းမာရေးအတွက် မိသားစုနဲ့အတူတုပ်ကွေးကာကွယ်ဆေးထိုးနေတဲ့ မင်းသမီးချောလေး မိုးဟေကိုရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Moe Hay Ko’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *