Covid-19 ကာလအတြင္း ခက္ခဲၾကမ္းတမ္းတဲ့ လူရႊင္ေတာ္ေတြရဲ႕ ဘဝအေျခအေနကို ေျပာျပခဲ့တဲ့ ေဗဒါ

COVID-19 ကာလမွာ ဇာတ္ပြဲေတြ၊ အၿငိမ့္ပြဲေတြ ရပ္နားခဲ့ရတာေၾကာင့္ လူ႐ႊင္ေတာ္ေတြ အေနနဲ႔ စားဝတ္ေနေရး အခက္အခဲႀကဳံေနရတဲ့အေၾကာင္း လူ႐ႊင္ေတာ္ ေဗဒါက ေျပာျပလာပါတယ္။ “ လူ႐ႊင္ေတာ္ေတြလည္း လူပဲေလေနာ္။ အႏုပညာနဲ႔ပတ္သက္ၿပီး တခ်ိဳ႕ဆို ဇာတ္ဆိုလည္း ဇာတ္ေတြပဲ ကၾကရတာေပါ့။ အၿငိမ့္ဆိုလည္း အၿငိမ့္ပဲ အျပင္စီးပြားေရးမရွိဘူး။ ႐ုပ္ရွင္ဆိုလည္း ႐ုပ္ရွင္အပိုင္းေပါ့။ တခ်ိဳ႕ အျပင္စီးပြားေရးေတြ မလုပ္ၾကဘူး။ တစ္လ အလုပ္အကိုင္မရွိဘူးဆိုရင္ တစ္ရက္ ဝင္ေငြ

ပုံမွန္ရေနတဲ့ သူက (၇) ရက္ေလာက္တြက္ၾကည့္ရင္ ေတာ္ေတာ္ေလး ဒုကၡေရာက္သြားႏိုင္တယ္” ဆိုၿပီးေတာ့ ေမလ (၂၅) ရက္ေန႔က ဦးေက်ာ္သူရဲ႕ အလႉမွာ ေျဖဆိုခဲ့တာပါ။ေဗဒါ ဟာ အခုလက္ရွိမွာေတာ့ ရန္ကုန္လူ႐ႊင္ေတာ္ ပရဟိတ အဖြဲ႕ႀကီးနဲ႔ အတူ အခက္အခဲႀကဳံေနရတဲ့ လူ႐ႊင္ေတာ္ေတြ အတြက္ ကူညီေပးေနတယ္လို႔ သူကဆိုပါတယ္။ “ အခုလို အလုပ္ေတြ လႈိင္လႈိင္ႀကီး နားလိုက္တဲ့ အခ်ိန္မွာ ဒုကၡေရာက္သြားတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဇာတ္ကတဲ့ လူ႐ႊင္ေတာ္ေတြ၊ အၿငိမ့္ကတဲ့

လူ႐ႊင္ေတာ္ေတြ ထဲမွာေတာင္ ဆိုးဆိုး႐ြား႐ြား ဒုကၡေရာက္ၾကတဲ့ သူေတြရွိတယ္။ ဒါကို ရန္ကုန္လူ႐ႊင္ေတာ္ ပရဟိတအေနနဲ႔ သက္ႀကီးဝါႀကီးေတြနဲ႔ လူငယ္ေတြ အတြက္ ရန္ပုံေငြ ရွာထားတာေလးေတြရွိတယ္။ ဒီေငြေတြနဲ႔ လူ႐ႊင္ေတာ္ သာေရးနာေရး အဖြဲ႕အေနနဲ႔ တစ္ဖက္ တစ္လမ္းကေန ကူညီေပးေနတာေတြရွိပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ေဗဒါကေတာ့ အႏုပညာေလာကထဲကို

လူ႐ႊင္ေတာ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာၿပီး ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ဇာတ္ကားေတြ အမ်ားႀကီး႐ိုက္ခဲ့တာ ျဖစ္ပါတယ္။ သူဟာ သ႐ုပ္ေဆာင္ ေခ်ာရတနာ၊ သႏၲာဗိုလ္တို႔ရဲ႕ အစ္ကို ဝမ္းကြဲ ေတာ္စပ္သူျဖစ္တယ္လို႔လည္း ေခ်ာရတနာက ေျပာျပခဲ့ဖူးပါတယ္။ ေဗဒါရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း(၃၀) ခန႔္ရွိပါၿပီ။ လက္ရွိအခ်ိန္ထိလည္း လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အၿငိမ့္ေတြ ကေနရသူ တစ္ေယာက္ပါ။

Read in UNICODE

COVID-19 ကာလမှာ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေ ရပ်နားခဲ့ရတာကြောင့် လူရွှင်တော်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့အကြောင်း လူရွှင်တော် ဗေဒါက ပြောပြလာပါတယ်။ “ လူရွှင်တော်တွေလည်း လူပဲလေနော်။ အနုပညာနဲ့ပတ်သက်ပြီး တချို့ဆို ဇာတ်ဆိုလည်း ဇာတ်တွေပဲ ကကြရတာပေါ့။ အငြိမ့်ဆိုလည်း အငြိမ့်ပဲ အပြင်စီးပွားရေးမရှိဘူး။ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်အပိုင်းပေါ့။ တချို့ အပြင်စီးပွားရေးတွေ မလုပ်ကြဘူး။ တစ်လ အလုပ်အကိုင်မရှိဘူးဆိုရင် တစ်ရက် ဝင်ငွေ

ပုံမှန်ရနေတဲ့ သူက (၇) ရက်လောက်တွက်ကြည့်ရင် တော်တော်လေး ဒုက္ခရောက်သွားနိုင်တယ်” ဆိုပြီးတော့ မေလ (၂၅) ရက်နေ့က ဦးကျော်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ဗေဒါ ဟာ အခုလက်ရှိမှာတော့ ရန်ကုန်လူရွှင်တော် ပရဟိတ အဖွဲ့ကြီးနဲ့ အတူ အခက်အခဲကြုံနေရတဲ့ လူရွှင်တော်တွေ အတွက် ကူညီပေးနေတယ်လို့ သူကဆိုပါတယ်။ “ အခုလို အလုပ်တွေ လှိုင်လှိုင်ကြီး နားလိုက်တဲ့ အချိန်မှာ ဒုက္ခရောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ ဇာတ်ကတဲ့ လူရွှင်တော်တွေ၊ အငြိမ့်ကတဲ့

လူရွှင်တော်တွေ ထဲမှာတောင် ဆိုးဆိုးရွားရွား ဒုက္ခရောက်ကြတဲ့ သူတွေရှိတယ်။ ဒါကို ရန်ကုန်လူရွှင်တော် ပရဟိတအနေနဲ့ သက်ကြီးဝါကြီးတွေနဲ့ လူငယ်တွေ အတွက် ရန်ပုံငွေ ရှာထားတာလေးတွေရှိတယ်။ ဒီငွေတွေနဲ့ လူရွှင်တော် သာရေးနာရေး အဖွဲ့အနေနဲ့ တစ်ဖက် တစ်လမ်းကနေ ကူညီပေးနေတာတွေရှိပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ဗေဒါကတော့ အနုပညာလောကထဲကို

လူရွှင်တော် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်လောကထဲကို ဝင်ရောက်လာပြီး ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ဇာတ်ကားတွေ အများကြီးရိုက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် ချောရတနာ၊ သန္တာဗိုလ်တို့ရဲ့ အစ်ကို ဝမ်းကွဲ တော်စပ်သူဖြစ်တယ်လို့လည်း ချောရတနာက ပြောပြခဲ့ဖူးပါတယ်။ ဗေဒါရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ခန့်ရှိပါပြီ။ လက်ရှိအချိန်ထိလည်း လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်တွေ ကနေရသူ တစ်ယောက်ပါ။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *