အေျခခံစားေသာက္ကုန္ေတြကို သီလရွင္အပါး(၂၀၀)အတြက္ လွဴဒါန္းခဲ့တဲ့ ေနထူးႏိုင္

ပရိသတ္အားေပးမႈအခိုင္အမာရရွိထားတဲ့ မင္းသားတစ္လက္ျဖစ္တဲ့ေနထူးႏိုင္ကေတာ့ သီလရွင္အပါး(၂၅၀)အတြက္ အလႉျပဳလုပ္ေပးခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ မွ်ေဝခဲ့ပါတယ္။ သူကေတာ့ ျမန္မာႏိုင္ငံမွာ Covid-19 ကာကြယ္ေရးလုပ္ငန္းစဥ္ေတြ

စတင္ကတည္းက တတ္အားသေ႐ြ႕ကူညီေနသူပါ။ အေျခခံစားေသာက္ကုန္လႉဒါန္းေပးမႈေတြအျပင္ ေရနံေခ်ာင္းက သူပိုင္ဆိုင္တဲ့႐ုပ္ရွင္ၿခံကိုလည္း Quarantine ဝင္မယ့္သူေတြအဆင္ေျပေစဖို႔ အသုံးျပဳခြင့္ေပးထားပါေသးတယ္။ ဒါ့အျပင္

ေနထူးႏိုင္ကေတာ့ လတ္တေလာ မိုးမက်ခင္ အစီအစဥ္တစ္ရပ္အေနနဲ႔ ပရိသတ္ေတြကို သစ္ပင္စိုက္ပ်ိဳးျဖစ္ေအာင္ Challenge တစ္ခုလည္းလုပ္ထားၿပီး ပါဝင္ၾကဖို႔ တိုက္တြန္းထားပါေသးတယ္။ အမ်ားေကာင္းက်ိဳးကို ဘက္ေပါင္းစုံက

စဥ္းစားၿပီး ကူညီေနတဲ့ေနထူးႏိုင္ကေတာ့ စံျပအႏုပညာရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူးေနာ္။ Covid-19 ကာလမွာ စားဝတ္ေနေရးခက္ခဲေနတဲ့ သီလရွင္အပါး(၂၅၀) အတြက္ အေျခခံစားေသာက္ကုန္ေတြ လႉဒါန္းေပးခဲ့တဲ့ ေနထူးႏိုင္ရဲ႕အလႉေလးကို သာဓုေခၚေပးခဲ့ပါဦးေနာ္။

Read in UNICODE

ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်တဲ့နေထူးနိုင်ကတော့ သီလရှင်အပါး(၂၅၀)အတွက် အလှူပြုလုပ်ပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေ

စတင်ကတည်းက တတ်အားသရွေ့ကူညီနေသူပါ။ အခြေခံစားသောက်ကုန်လှူဒါန်းပေးမှုတွေအပြင် ရေနံချောင်းက သူပိုင်ဆိုင်တဲ့ရုပ်ရှင်ခြံကိုလည်း Quarantine ဝင်မယ့်သူတွေအဆင်ပြေစေဖို့ အသုံးပြုခွင့်ပေးထားပါသေးတယ်။ ဒါ့အပြင်

နေထူးနိုင်ကတော့ လတ်တလော မိုးမကျခင် အစီအစဉ်တစ်ရပ်အနေနဲ့ ပရိသတ်တွေကို သစ်ပင်စိုက်ပျိုးဖြစ်အောင် Challenge တစ်ခုလည်းလုပ်ထားပြီး ပါဝင်ကြဖို့ တိုက်တွန်းထားပါသေးတယ်။ အများကောင်းကျိုးကို ဘက်ပေါင်းစုံက

စဉ်းစားပြီး ကူညီနေတဲ့နေထူးနိုင်ကတော့ စံပြအနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ Covid-19 ကာလမှာ စားဝတ်နေရေးခက်ခဲနေတဲ့ သီလရှင်အပါး(၂၅၀) အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ နေထူးနိုင်ရဲ့အလှူလေးကို သာဓုခေါ်ပေးခဲ့ပါဦးနော်။

Source : Nay Htoo Naing’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *