မအေးသောင်းအတွက် သတိတရနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မေမြင့်မိုရ်





Read in UNICODE

မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲတွေကနေ အောင်မြင်မှုရရှိလာခဲ့ရာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်က အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပေမယ့် ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်တွေဆီကတော့

ပညာတွေ ပြန်လည်သင်ယူနေရဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မေမြင့်မိုရ်က သူမရဲ့ စီနီယာတစ်ယောက်ဖြစ်တဲ့ အေးဝတ်ရည်သောင်းအတွက် မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က “Happy Birthday မမအေးသောင်း

မွေးနေ့မှာ ပျော်ရွှင်ပါစေရှင့်။ ချစ်ရတဲ့ မိသားစုတွေနဲ့လည်း ရာသက်ပန်ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။ Love You Sooo” ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးနဲ့အတူတူ

မွေးနေ့ဆုတောင်းတောင်းပေးထားတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်ကတော့ သူမရဲ့ စီနီယာအစ်မဖြစ်တဲ့ အေးဝတ်ရည်သောင်းအတွက် မှတ်မှတ်ရရ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : May Myint Mo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *