အမှတ်တရဓာတ်ပုံလေးတွေ ပြန်ကြည့်ရင်း ကင်းကောင် နဲ့ ကုသိုလ်ကို သတိရနေတယ်ဆိုတဲ့ လွင်မိုး





Read in UNICODE

လွင်မိုးကတော့ အသက်အရွယ်တွေတဖြည်းဖြည်းကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။တစ်ခေတ်တုန်းမှာဆိုရင် လွင်မိုးက ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေသည်းသည်းလှုပ်အားပေးခဲ့ရတဲ့

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ လွင်မိုးက အခုချိန်မှာဆိုရင်တော့ အနုပညာအလုပ်တွေကိုအနည်အကျဉ်းလုပ်ဆောင်နေတာဖြစ်ပြီး စီးပွားရေးကိုသာတစိုက်မက်မက်လုပ်ကိုင်နေတာပါနော်။လွင်မိုးက တစ်ခေတ်တုန်းမှာဆိုရင်

ကင်းကောင်၊ကုသိုလ်၊ဖိုးဖြူ၊အရိုင်း၊ညောင်ညောင် စတဲ့ သရုပ်ဆောင်တွေနဲ့လည်း အရမ်းခင်မင်ရင်းနှီးပြီး ညီအစ်ကိုတွေလိုပေါင်းခဲ့ကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ အခုဆိုရင်တော့ လွင်မိုးက”လွမ်း…ရင်ထဲလှိုက်လို့..အတိတ်ကိုလွမ်း.လွမ်း….ရင်ထဲရှိတဲ့ဒီဇာတ်လမ်း..ကို

ကုသိုလ်…ကိုကင်း…သတိရတယ်”ဆိုပြီး အတိတ်ကပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။ဖိုးဖြူ၊ကုသိုလ်၊ကင်ူကောင်၊လွင်မိုးတို့ကလည်း ငယ်ရွယ်နုပျို‌မှုတွေအပြည့်နဲ့ ချောကြပါတယ်နော်။ပရိသတ်ကြီးလည်း လွင်မိုးတို့ငယ်ဘဝရဲ့အမှတ်တရပုံလေးကို တွေ့မြင့်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Lwin Moe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *