အခုချိန်ထိ မပြောင်းမလဲ လှပစွာရပ်တည်နိုင်တဲ့ လျှိ့ဝှက်ချက်တွေကို ပြောပြခဲ့တဲ့ မိုးဟေကို
Read in UNICODE
ဆွဲဆောင်မှုရှိစွာ အလှနတ်ဘုရားမလေးတစ်ပါးလို လှပသူ မင်းသမီး မိုးဟေကို ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မိုးဟေကိုကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားများနဲ့ မော်ဒယ်လောက ကနေ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့သူပဲဖြစ်ပါတယ်.။ လက်ရှိမှာ မိုးဟေကို က
သူမကိုယ်တိုင် သရုပ်ဆောင်ခြင်းထက် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို ကိုယ်တိုင်ဦးစီးကာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ထုတ်လုပ်တဲ့ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေသူပါ.။ သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင်နေသလို ထုတ်လုပ်ရေးပိုင်းကိုလည်း လုပ်ဆောင်ကာ သူမရဲ့ အနုပညာတွေကို ချပြနိုင်အောင် ကြိုးစားနေသူလို့ ပြောရင်လည်း မှားမယ်
မထင်ပါဘူးနော်.။ မိုးဟေကိုက သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။ ဒီနေ့ မေလ (၂၇)ရက်နေ့မှာတော့ မိုးဟေကိုက သူမရဲ့ အရင်ပုံနဲ့ လက်ရှိပုံလေးတွေကို ယှဉ်တွဲကာ “အရင်တုန်းကမိုးနဲ့အခုမိုး အချိန်ရဲ့ပြောင်းလဲမှုတွေကို ဖြတ်သန်းရင်း…..ကျွန်မချစ်သော…ရှင်သန်ခြင်းနေ့သစ်များ” ဆိုပြီး
သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပြောင်းလဲခြင်း အများကြီးမရှိဘဲ ငယ်ရွယ်တဲ့ မိုးဟေကိုရဲ့ နုပျိုစွာ ဆွဲဆောင်မှုရှိရှိ လှတဲ့ အလှနဲ့ တည်ငြိမ်စွာ ဆွဲဆောင်နေသူ မိုးဟေကို ရဲ့ လက်ရှိအသွင်တို့ကတော့ တစ်မျိုးစီကို ကြည့်ကောင်းကာ ဆွဲဆောင်အားမြင့်နေဆဲပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း မိုးဟေကိုရဲ့ လက်ရှိနဲ့ အရင်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source : Moe Hay Ko’s Facebook
Add a Comment
Your email address will not be published. Required fields are marked *