ပိုသူလှူ လိုသူကူ ထောက်ပံ့ရေး အစီအစဉ်အတွက် သိန်း(၁၀၀)တိတိ မတည်လှူဒါန်းခဲ့တဲ့ ဖိုးချစ်
Read in UNICODE
ဇာတ်သဘင်အစည်းအရုံးရဲ့ ဥက္ကဌအနေနဲ့ရော ဇာတ်သဘင်ကို ချစ်မြတ်နိုးသူ ဇာတ်မင်းသား ဖိုးချစ်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဇာတ်မင်းသားတစ်ယောက်အနေနဲ့ ဇာတ်အဖွဲ့ဝင်နဲ့ အဖွဲ့သားများရဲ့ ချစ်ခင်လေးစားမှုတွေကိုရရှိထားပြီး ဇာတ်သဘင်အနုပညာကို ချစ်မြတ်နိုးသူတိုင်းကို လေးစားကာ ချစ်ခင်ကူညီဖေးမတတ်သူပဲဖြစ်ပါတယ်.။ ဖိုးချစ်က
ဇာတ်သဘင်ဥက္ကဌတစ်ယောက်အနေနဲ့လည်း လက်ရှိ ပျံ့နှံ့နေတဲ့ Covid 19 ပိုးကြောင့် ဇာတ်ကဖို့ အခက်အခဲဖြစ်ကာ စားဝတ်နေရေးအတွက် အဆင်မပြေမယ့် အခြေအနေတွေကနေ ကင်းလွတ်နိုင်ဖို့အတွက် “ပိုသူလှူ..လိုသူကူ” ထောက်ပံ့ရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။ ဒီနေ့ မေလ (၂၇)ရက်နေ့မှာတောု ဖိုးချစ်က ကျပ်သိန်းတစ်ရာ မတည်ကာ အစီအစဉ်ကို
အကောင်အထည်ဖော်ကာ လှူဒါန်းမှုပြုလုပ်နိုင်ခဲ့တဲ့အကြောင်း “ဒီနေ့ ပိုသူလှူ..လိုသူကူ အစီအစဉ်အတွက် ကျပ်သိန်းတစ်ရာ မတည်လှူဒါန်းပြီးပါပြီနော် .။မိသားစုအားလုံးရဲ့အလှူမို့ မုဒိတာပွါးနိုင်ကြပါစေဗျ” ဆိုပြီး သူ့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ပိုသူလှူ..လိုသူကူ အစီအစဉ်အတွက် ကျပ်သိန်းတစ်ရာကို မတည်ငွေအဖြစ်နဲ့ လှူဒါန်းနိုင်ခဲ့တဲ့ အလှူအတွက် အများသူငှါ မုဒိတာပွားပြီး သာဓုခေါ်ဆိုနိုင်ဖို့ တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဖိုးချစ်ရဲ့ အလှူအတွက် သာဓု ခေါ်ဆိုသွားကြပါဦးနော်.။
Source : Phoe Chit’s Facebook
Add a Comment
Your email address will not be published. Required fields are marked *