အိမ်ခြေ(၂၀၀)စာအတွက် အခြေခံစားသောက်ကုန်တွေ ထပ်မံလှူဒါန်းမယ်ဆိုတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ



Read in UNICODE
ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးခိုင်နှင်းဝေကတော့ ဒီနေ့ မေလ (၂၇)ရက်နေ့မှာ အိမ်ခြေ (၂၀၀)စာအတွက် အခြေခံစားသောက်ကုန်တွေကို လှူဒါန်းပေးသွားဦးမှာပါတဲ့။ ပရိသတ်တွေက ပရဟိတမင်းသမီးလို့တောင် တင်စားခေါ်ဝေါ်ရတဲ့

ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို တတ်နိုင်သလောက် နေရာဒေသမရွေးလုပ်ကိုင်နေခဲ့တဲ့ သူပါ။ အခုလို အခက်အခဲနဲ့ ကြုံတွေနေကြရတဲ့ Covid ကာလမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံလူတန်းစားတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေကို အကြိမ်ကြိမ်လှူဒါန်းပေးနေခဲ့တာလည်း

ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ အခုတစ်ခေါက်မှာလည်း အိမ်ခြေ (၂၀၀)စာအတွက်ကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန်၊အာလူး၊ငါးသေတ္တာ၊ မြေပဲ၊ကိတ်မုန့်၊ခေါက်ဆွဲခြောက်တို့ကို ညနေ (၄)နာရီမှာ

ထပ်မံလှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ အလှူလေးအတွက်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုလို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေကလည်း ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source : Khine Hnin Wai’s Facebook | Reference & Credit : Cele gabar