ငယ္ငယ္ထဲက ခ်စ္ခင္ေလးစားရတဲ့ မေအးေသာင္းကို ဟာသေလးေႏွာၿပီး ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ သားညီ

ပရိသတ္္ေတြနဲ႕ ရင္းနွီးျပီးသားျဖစ္တဲ့ သရုပ္ေဆာင္ဒါရုိက္တာသားညီကို အထူးတလည္ မိတ္ဆက္ေပးဖို႕မလိုိေလာက္ဘူးထင္ပါတယ္။ သားညီကေတာ့ က်ရာဇာတ္ရုပ္ကို ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့သူတစ္ဦးဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူဟာဆိုရင္ သရုပ္ေဆာင္မႈလည္း ပီျပင္တဲ့အျပင္ ကာရုိက္တာတိုင္းဖန္္တီးရင္း ဒါရုိက္တာတစ္ေယာက္အျဖစ္လည္း ေအာင္ျမင္ေနတဲ့ သူတစ္ဦးပဲျဖစ္ပါတယ္။ သားညီကေတာ့

အနုပညာညီအစ္ကုိေမာင္နွမေတြရဲ႕ ေမြးေန႕ေရာက္တိုင္း ဆုမြန္ေတာင္းေကာင္းေကာင္းေလးေတြေတာင္းေပးေလ့ရွိပါတယ္။ ဒီေန႕မွာေတာ့ မေအးေသာင္းေမြးေန႕ျဖစ္တဲ့အတြက္ေၾကာင့္ သားညီကေတာ့ “ကြ်န္ေတာ္ သရုပ္ေဆာင္ မလုပ္ခင္ကဦးေက်ာ္ဟိန္းေနာက္လိုက္ျပီး ေတာက္တိုမယ္ရ လုပ္ရပါတယ္ ပညာသင္ကာလေပါ့ဗ်ာ တစ္ေန႕ ဦးေက်ာ္ Shooting လိုက္ရင္းအဲ႔ေခတ္က အရမ္း နာမည္ႀကီးတဲ႔ မင္းသမီးႀကီးတစ္ေယာက္နဲ႔ ခင္မင္ခြင့္ရခဲ႔ပါတယ္

အရမ္းသေဘာေကာင္းျပီး ၾကင္နာတတ္ပါတယ္ ကြ်န္ေတာ့္အေပၚမွာလည္း ေမာင္ေလးအရင္းတစ္ေယာက္လို ဂရုတစ္စိုက္နဲ႕သရုပ္ေဆာင္ပညာေတြသင္ေပး ဆံုးမစကားေတြေျပာေပးနဲ႕ အရမ္းကို ခင္မင္ဖို႔ ေကာင္းတဲ႔မင္းသမီးႀကီးပါ ကြ်န္ေတာ့္ထက္ အသက္က ႏွစ္ဆေလာက္ ႀကီးေပမယ့္သူကအရြယ္တင္ေတာ့ ေမာင္ေလးတစ္ေယာက္လိုပဲကြ်န္ေတာ့ကို ဆက္ဆံပါတယ္ ဒီေန႔ အဲ႔ဒီ အန္တီ ေမြးေန႕ပါ ငယ္ငယ္ကတည္းက ခ်စ္ခင္ေလးစားအတုယူခဲ႔ရတဲ႔အန္တီႀကီး

ေအးဝတ္ရည္ေသာင္း Aye Thaungေမြးေန႔ကစျပီး သက္ရွည္က်န္းမာေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္ဆက္မ်ား ပါေစဗ်ာ မာင္ငယ္ေလး သားညီ” လို႕ဆိုကာ သူရဲ႕ ေမြးေန႕ဆုမြန္ေတာင္းကို လူမႈကြန္ယက္စာမ်က္နွာေပးမွာ ေရးသားေဖာ္ျပထားတာပဲျဖစ္ပါတယ္။ ပရိသတ္္ေတြအတြက္ သားညီရဲ႕ ေမြးေန႕ဆုမြန္ေတာင္းေလးကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးကလည္း မေအးေသာင္းအတြက္ေမြးေန႕ဆုမြန္ေတာင္းလႊာေလးေတြေရးေပးခဲ့ၾကပါအုံးေနာ္။

Read in UNICODE

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်ဒါရိုက်တာသားညီကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ သားညီကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူဟာဆိုရင် သရုပ်ဆောင်မှုလည်း ပီပြင်တဲ့အပြင် ကာရိုက်တာတိုင်းဖန်တီးရင်း ဒါရိုက်တာတစ်ယောက်အဖြစ်လည်း အောင်မြင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ သားညီကတော့

အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ မွေးနေ့ရောက်တိုင်း ဆုမွန်တောင်းကောင်းကောင်းလေးတွေတောင်းပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မအေးသောင်းမွေးနေ့ဖြစ်တဲ့အတွက်ကြောင့် သားညီကတော့ “ကျွန်တော် သရုပ်ဆောင် မလုပ်ခင်ကဦးကျော်ဟိန်းနောက်လိုက်ပြီး တောက်တိုမယ်ရ လုပ်ရပါတယ် ပညာသင်ကာလပေါ့ဗျာ တစ်နေ့ ဦးကျော် Shooting လိုက်ရင်းအဲ့ခေတ်က အရမ်း နာမည်ကြီးတဲ့ မင်းသမီးကြီးတစ်ယောက်နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်

အရမ်းသဘောကောင်းပြီး ကြင်နာတတ်ပါတယ် ကျွန်တော့်အပေါ်မှာလည်း မောင်လေးအရင်းတစ်ယောက်လို ဂရုတစ်စိုက်နဲ့သရုပ်ဆောင်ပညာတွေသင်ပေး ဆုံးမစကားတွေပြောပေးနဲ့ အရမ်းကို ခင်မင်ဖို့ ကောင်းတဲ့မင်းသမီးကြီးပါ ကျွန်တော့်ထက် အသက်က နှစ်ဆလောက် ကြီးပေမယ့်သူကအရွယ်တင်တော့ မောင်လေးတစ်ယောက်လိုပဲကျွန်တော့ကို ဆက်ဆံပါတယ် ဒီနေ့ အဲ့ဒီ အန်တီ မွေးနေ့ပါ ငယ်ငယ်ကတည်းက ချစ်ခင်လေးစားအတုယူခဲ့ရတဲ့အန်တီကြီး

အေးဝတ်ရည်သောင်း Aye Thaungမွေးနေ့ကစပြီး သက်ရှည်ကျန်းမာအောင်မြင်ကျော်ကြား လူကြိုက်ဆက်များ ပါစေဗျာ မာင်ငယ်လေး သားညီ” လို့ဆိုကာ သူရဲ့ မွေးနေ့ဆုမွန်တောင်းကို လူမှုကွန်ယက်စာမျက်နှာပေးမှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သားညီရဲ့ မွေးနေ့ဆုမွန်တောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မအေးသောင်းအတွက်မွေးနေ့ဆုမွန်တောင်းလွှာလေးတွေရေးပေးခဲ့ကြပါအုံးနော်။

Source : Thar Nyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *