ဇနီးျဖစ္သူကိုယ္တိုင္ ေရေႏြးပြက္ပြက္ဆူနဲ႔ ေလာင္းတာခံခဲ့ရၿပီး ပတ္ဝန္းက်င္မွ ေဆးရံုတင္ေပးခဲ့ရတဲ့ လူရႊင္ေတာ္ ေတာ့ပ္

နာမည္ၾကီး ဟာသလူရႊင္ေတာ္ၾကီး ေမာ့စ္နဲ့တူတယ္ဆိုျပီး ပရိသတ္ေတြက မွတ္ခ်က္ေပးၾကတဲ့ လူရႊင္ေတာ္ ေတာ့ပ္ကို သိတဲ့ပရိသတ္ေတြကေတာ့ သိၾကမယ္ ထင္ပါတယ္။ လူရႊင္ေတာ္ ေတာ့ပ္ဟာ အခုလက္ရိွအခ်ိန္မွာေတာ့ ဇနီးျဖစ္သူရဲ့ ေရေနြးပူနဲ့ေလာင္းခ်တဲ့ ဒဏ္ရာေၾကာင့္ ေဆးရံုမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ လူရႊင္ေတာ္ ေတာ့ပ္ရဲ့

အေျခအေနနဲ့ ပက္သတ္ျပီး ျမန္မာနိုင္ငံလူရႊင္ေတာ္အသင္းရဲ့ ျပန္ႀကားေရးမႈးျဖစ္သူ ဦးေကာင္းေက်ာ္က အခုလိုပဲ ေျပာျပလာပါတယ္။ “လင္မယား အခ်င္းမ်ားရာမွ ဇနီးျဖစ္သူမွ ေယာက်ာၤးျဖစ္သူ အိပ္ေပ်ာ္ေနစဥ္ ေရေႏြးပူျဖင့္ ေလာင္းခ်ျခင္းခံရျပီး ဇနီးမွ ေဆးဝါးကုသေပးျခင္းမျပဳဘဲ ၁၀ရက္ေက်ာ္ အိမ္မွာထားရွိျပီး ေဘးပါတ္ဝန္းက်င္မွ အျမင္မေတာ္လို႔ ေဆးရုံကို

ပို႔ေပးႀကရာတြင္ ဇနီးျဖစ္သူမွ ေဆးရုံးလိုက္ပို႔ေပးႀကသူမ်ားအား သူ႕လင္အားအိမ္သို႔ ျပန္ မေခၚလာရန္ လင္ေယာက်ာၤးအဝတ္အစားမ်ားပါ တစ္ခါထည္း ထည့္ေပး လိုက္သည့္အတြက္ ေဆးကုသရန္အခက္အခဲျဖစ္ေနေသာ ဟာသလူရႊင္ေတာ္ေတာ့ပ္ ၏ သတင္းအား ႀကားသိရပါ၍” “ျမန္မာနိုင္ငံသဘင္အစည္းအရုံး(ဗဟို)၊ ျမန္မာနိုင္ငံသဘင္လႈမႈကူညီေစာင့္ေရွာက္ေရးေကာ္မတီ(ဗဟို) တို႔ႏွင့္အတူ

ျမန္မာ့စိတ္ရင္း ပရဟိတလူမႈကူညီေရးအသင္းမွ ဒု/ဥကၠ႒ ျဖစ္သည့္( မင္းသားေလး) မိုးမာန္ တို႔၏ ပရဟိတအသင္းသားမ်ားစုေပါင္းျပီး ေညာင္ေလးပင္ျပည္သူ႕ေဆးရုံႀကီးမွတစ္ဆင့္ ရန္ကုန္ျပည္သူ႕ေဆးရုံ ႀကီး ၅ထပ္ ခြဲစိပ္ေဆာင္သို႔ ပို႔ေဆာင္ေပးခဲ႔ႀကျပီးျမန္မာ့စိတ္ရင္း ပရဟိတအသင္းမွ အနီးကပ္ကူညီေစာင့္ေရွာက္မႈမ်ား ေဆာင္ရြက္လ်က္ရွိပါသည္။ ေရေႏြးပူျဖင့္ ေလာင္ခဲ႔ေသာ

လူရႊင္ေတာ္ေတာ့ပ္ ၏ ဇနီးကို လည္း ကာယကံရွင္ ေတာ့ပ္ ၏ ဆႏၵအတိုင္း ေညာင္ေလးပင္ရဲစခန္း၌ အမႈဖြင့္ တိုင္ႀကားထားေႀကာင္း သတင္းရ ရွိပါသည္။” ဆိုျပီး ေျပာထားပါတယ္။ လင္မယားခ်င္း စိတ္အခန့္မသင့္လို့ စကားမ်ားရာမွ အခုေလာက္ထိ အေျခအေနျဖစ္သြားခဲ့တာ စိတ္မေကာင္းစရာပါပဲ။ လူရႊင္ေတာ္ေတာ့ပ္လည္း ခံစားေနရတဲ့ ေဝဒနာေတြ အျမန္ဆံုးသက္သာေပ်ာက္ကင္းပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နာမည်ကြီး ဟာသလူရွှင်တော်ကြီး မော့စ်နဲ့တူတယ်ဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေးကြတဲ့ လူရွှင်တော် တော့ပ်ကို သိတဲ့ပရိသတ်တွေကတော့ သိကြမယ် ထင်ပါတယ်။ လူရွှင်တော် တော့ပ်ဟာ အခုလက်ရှိအချိန်မှာတော့ ဇနီးဖြစ်သူရဲ့ ရေနွေးပူနဲ့လောင်းချတဲ့ ဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ လူရွှင်တော် တော့ပ်ရဲ့

အခြေအနေနဲ့ ပက်သတ်ပြီး မြန်မာနိုင်ငံလူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှုးဖြစ်သူ ဦးကောင်းကျော်က အခုလိုပဲ ပြောပြလာပါတယ်။ “လင်မယား အချင်းများရာမှ ဇနီးဖြစ်သူမှ ယောကျာၤးဖြစ်သူ အိပ်ပျော်နေစဉ် ရေနွေးပူဖြင့် လောင်းချခြင်းခံရပြီး ဇနီးမှ ဆေးဝါးကုသပေးခြင်းမပြုဘဲ ၁၀ရက်ကျော် အိမ်မှာထားရှိပြီး ဘေးပါတ်ဝန်းကျင်မှ အမြင်မတော်လို့ ဆေးရုံကို

ပို့ပေးကြရာတွင် ဇနီးဖြစ်သူမှ ဆေးရုံးလိုက်ပို့ပေးကြသူများအား သူ့လင်အားအိမ်သို့ ပြန် မခေါ်လာရန် လင်ယောကျာၤးအဝတ်အစားများပါ တစ်ခါထည်း ထည့်ပေး လိုက်သည့်အတွက် ဆေးကုသရန်အခက်အခဲဖြစ်နေသော ဟာသလူရွှင်တော်တော့ပ် ၏ သတင်းအား ကြားသိရပါ၍” “မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်လှုမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို) တို့နှင့်အတူ

မြန်မာ့စိတ်ရင်း ပရဟိတလူမှုကူညီရေးအသင်းမှ ဒု/ဥက္ကဋ္ဌ ဖြစ်သည့်( မင်းသားလေး) မိုးမာန် တို့၏ ပရဟိတအသင်းသားများစုပေါင်းပြီး ညောင်လေးပင်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၅ထပ် ခွဲစိပ်ဆောင်သို့ ပို့ဆောင်ပေးခဲ့ကြပြီးမြန်မာ့စိတ်ရင်း ပရဟိတအသင်းမှ အနီးကပ်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ရေနွေးပူဖြင့် လောင်ခဲ့သော

လူရွှင်တော်တော့ပ် ၏ ဇနီးကို လည်း ကာယကံရှင် တော့ပ် ၏ ဆန္ဒအတိုင်း ညောင်လေးပင်ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရ ရှိပါသည်။” ဆိုပြီး ပြောထားပါတယ်။ လင်မယားချင်း စိတ်အခန့်မသင့်လို့ စကားများရာမှ အခုလောက်ထိ အခြေအနေဖြစ်သွားခဲ့တာ စိတ်မကောင်းစရာပါပဲ။ လူရွှင်တော်တော့ပ်လည်း ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : U Kaung Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *