Level 3 အဆင့္ရွိ အရက္ခ်က္စက္ရံု မီးေလာင္မႈမွာ ဝင္ေရာက္ၿငိမ္းသတ္ ကူညီေပးခဲ့တဲ့ ထြန္းကိုကို
|ထြန္းကိုကိုကေတာ့ ျမင့္မားတဲ့အရပ္နဲ႔ ေယာက်္ားပီသၿပီး တည္ၾကည္တဲ့မ်က္ႏွာကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။ စံျပအႏုပညာရွင္တစ္ေယာက္ျဖစ္တာနဲ႔အညီ ပရဟိတလုပ္တဲ့ေနရာမွာ အၿမဲလိုလိုေရွ႕ေရာက္ေနတဲ့ ထြန္းကိုကိုရဲ႕ အမူအက်င့္ေတြကလည္း ေလးစားစရာပါပဲ။ သူမ်ားမလုပ္ႏိုင္၊

မလုပ္ရဲတဲ့ နာေရးကူညီမႈအသင္းနဲ႔ မီးသတ္တပ္ဖြဲ႕မွာ အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ကို တက္တက္ႂကြႂကြ ပါဝင္လုပ္ေဆာင္ေနသူပါ။ ဦးေက်ာ္သူရဲ႕နာေရးကူညီမႈအသင္းမွာဆိုရင္လည္း အေလာင္းသယ္ယူတာကအစ နာေရးကားေမာင္းၿပီး ပို႔ေဆာင္တာကအဆုံး ေန႔တိုင္းနီးပါးလုပ္ေဆာင္ေနသူပါ။ ဒါ့အျပင္


အႏၲရာယ္မ်ားလြန္းတဲ့ ပရဟိတအလုပ္ျဖစ္တဲ့ အရံမီးသတ္တပ္ဖြဲ႕မွာဆိုရင္လည္း မၾကာခဏဆိုသလို ပါဝင္လုပ္အားေပးေနသူပါ။ မေန႔ကလည္း ေ႐ႊျပည္သာၿမိဳ႕နယ္ အရက္ခ်က္စက္႐ုံမီးေလာင္မႈမွာ သြားေရာက္ကူညီၿငိမ္းသတ္ေပးခဲ့ပါတယ္။ မီးေလာင္မႈအဆင့္ကေတာ့

Level 3 သတ္မွတ္ထားၿပီး ခက္ခက္ခဲခဲနဲ႔ အႏၲရာယ္ၾကားမွာ ထြန္းကိုကိုကေတာ့ တစ္တပ္တစ္အား ဝိုင္းဝန္းကူညီခဲ့ပါတယ္။ မင္းသားတစ္ေယာက္ျဖစ္ေပမယ့္ ႏု႐ြမေနဘဲ သူမ်ားမလုပ္ခ်င္တဲ့ ပရဟိတအလုပ္ေတြကို အင္တိုက္အားတိုက္လုပ္ေဆာင္ေနတဲ့ ထြန္းကိုကိုရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားအတုယူစရာပဲမို႔ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Read in UNICODE
ထွန်းကိုကိုကတော့ မြင့်မားတဲ့အရပ်နဲ့ ယောကျ်ားပီသပြီး တည်ကြည်တဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ စံပြအနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ ပရဟိတလုပ်တဲ့နေရာမှာ အမြဲလိုလိုရှေ့ရောက်နေတဲ့ ထွန်းကိုကိုရဲ့ အမူအကျင့်တွေကလည်း လေးစားစရာပါပဲ။ သူများမလုပ်နိုင်၊

မလုပ်ရဲတဲ့ နာရေးကူညီမှုအသင်းနဲ့ မီးသတ်တပ်ဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ကို တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေသူပါ။ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းမှာဆိုရင်လည်း အလောင်းသယ်ယူတာကအစ နာရေးကားမောင်းပြီး ပို့ဆောင်တာကအဆုံး နေ့တိုင်းနီးပါးလုပ်ဆောင်နေသူပါ။ ဒါ့အပြင်


အန္တရာယ်များလွန်းတဲ့ ပရဟိတအလုပ်ဖြစ်တဲ့ အရံမီးသတ်တပ်ဖွဲ့မှာဆိုရင်လည်း မကြာခဏဆိုသလို ပါဝင်လုပ်အားပေးနေသူပါ။ မနေ့ကလည်း ရွှေပြည်သာမြို့နယ် အရက်ချက်စက်ရုံမီးလောင်မှုမှာ သွားရောက်ကူညီငြိမ်းသတ်ပေးခဲ့ပါတယ်။ မီးလောင်မှုအဆင့်ကတော့

Level 3 သတ်မှတ်ထားပြီး ခက်ခက်ခဲခဲနဲ့ အန္တရာယ်ကြားမှာ ထွန်းကိုကိုကတော့ တစ်တပ်တစ်အား ဝိုင်းဝန်းကူညီခဲ့ပါတယ်။ မင်းသားတစ်ယောက်ဖြစ်ပေမယ့် နုရွမနေဘဲ သူများမလုပ်ချင်တဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတဲ့ ထွန်းကိုကိုရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူစရာပဲမို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source : Yan Paing Ko Ko | Reference & Credit : Cele Gabar