မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုး ဝန်းရံအားပေးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန်
Read in UNICODE
ပိုင်တံခွန်ကတော့ အရပ်ရှည်ရှည်နဲ့ ရုပ်ဖြောင့်တာကြောင့် မိန်းကလေးပရိသတ်တွေက အပြတ်အသတ်ကြွေနေရတာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပျိုပျိုမေလေးတွေကြားမှာလည်း အရမ်းကိုရေပန်းစားအောင်မြင်နေသူ ဖြစ်ပါတယ် ။ ဒါကြောင့် ပိုင်တံခွန်က မကြာခဏဆိုသလို
ထိုင်းနိုင်ငံကိုသွားရောက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပိုင်တံခွန်က ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး အောင်မြင်မှုတွေရရှိနေတာ ဖြစ်ပါတယ် ။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်တဲ့
ပိုင်တံခွန်က အခုလည်း သူ့ရဲ့အောင်မြင်မှုတွေကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။ ပိုင်တံခွန်က ပရိသတ်တွေဝိုင်းဝိုင်းလည်နေအောင် အားပေးခြင်းခံခဲ့ရတဲ့ သူ့ရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့
ပိုင်တံခွန်က မြန်မာနိုင်ငံကပရိသတ်တွေကြားမှာ ကြိတ်ကြိတ်တိုးအားပေးခြင်းခံခဲ့ရသလို ထိုင်းနိုင်ငံကမိန်းမပျိုလေးတွေရဲ့သည်းသည်းလှုပ်အားပေးမှုရရှိခဲ့တာကိုလည်းပရိသတ်တွေမြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။ ပိုင်တံခွန်ကတော့ သူ့ကိုချစ်တဲ့ပရိသတ်တွေကို ရင်းနှီးဖော်ရွေစွာဆက်ဆံပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ပိုင်တံခွန်ရဲ့ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Paing TaKhon’s Instagram | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *