အမေဖြစ်သူရဲ့ မွေးနေ့လေးမှာ ပျော်အောင် လုပ်ပေးခဲ့တဲ့ ရန်အောင်ကို ကျေးဇူးတင်စကားပြောခဲ့တဲ့ စည်သူမောင်
Read in UNICODE
စည်သူမောင်ကတော့ တစ်ချိန်က သွားတက်လှလှလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဖမ်းစားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စည်သူမောင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း မိခင်ကြီးကို ပြုစုစောင့်ရှောက်နေတဲ့ သားလိမ္မာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့ မေလ (၂၆) ရက်နေ့ကတော့ စည်သူမောင်မိခင်ကြီးရဲ့ မွေးနေ့ပဲ
ဖြစ်ပါတယ်။ စည်သူမောင်က မိခင်ရဲ့မွေးနေ့မှာ ပျော်ရွှင်အောင် ဖန်တီးပေးခဲ့တဲ့ မင်းသားကြီးရန်အောင်ကို ကျေးဇူးတင်စကားပြောလာတာကို တွေ့ရပါတယ်။ “အမေ့မွေးနေ့မှာ အမေအရမ်းကြိုက်ရတဲ့မင်းသား ” ကိုရန်အောင် “က မွေးနေ့ဆုတောင်း အသံဖိုင် လေးပို့ပေးတော့ ထပ်ခါတလဲလဲနားထောင်ပြီး သဘောတွေကျနေတာ။ အရမ်းစိတ်ထားပြည့်ဝပြီး
ချစ်ဖို့ကောင်းတဲ့ ကိုရန်လေး Yan Aung ကို ကျေးဇူးပါခင်ဗျာ။ အစ်ကိုလည်း သက်ရှည်ကျန်းမာပြီး ထူးချွန်ပြောင်မြောက်တဲ့ အနုပညာတွေနဲ့ ထာဝရ အမြင့်ဆုံးမှာ ဆက်လက် အောင်မြင်ပါစေ 🥰🙏🏻🙏🏻🙏🏻မွေးနေ့ဆုတောင်းပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးပါခင်ဗျာ။ သက်ရှည်ကျန်းမာပြီး
လိုရာဆန္ဒများပြည့်ဝကြပါစေ 🥰🙏🏻🙏🏻🙏🏻” ဆိုပြီး ပီတိတွေနဲ့ ပြောထားပါတယ်။ စည်သူမောင်ကတော့ သူ့မိခင်ကြီး အရမ်းကြိုက်ရတဲ့ မင်းသား ရန်အောင်ရဲ့ ဖြည့်စည်းပေးမှုတစ်ခုကြောင့် ပျော်ရွှင်နေတဲ့ မိခင်ကိုကြည့်ပြီး ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိတ်ထားကောင်းပြီး ပကာသနမရှိတဲ့ မင်းသားကြီးရန်အောင်ကို ဒီထက်မက ချစ်သွားကြမယ် ထင်ပါတယ်နော်။
Source : Si Thu Maung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *