ဖ်ားနာၿပီး အသည္းအသန္ ေနမေကာင္းျဖစ္တိုင္း မၿငီးမျငဴ ေစာင့္ေရွာက္ေပးတဲ့ ခ်စ္ဇနီးေလးကို ခ်စ္မဝျဖစ္ေနပါတယ္ ဆိုတဲ့ ေရႊထူး

ခ်စ္စရာေကာင္းၿပီး ပရိသတ္ေတြနွစ္သက္အားက်တဲ့ လူငယ္ဆယ္လီ အိမ္ေထာင္ရွင္အတြဲေလးျဖစ္တဲ့ ေရႊထူးနဲ႕ ေရႊမႈန္ရတီတို႕ အတြဲေလးကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေရႊထူးနဲ႕ ေရႊမႈန္ရတီေလးတို႕ အတြဲကေတာ့ ေရႊနွစ္ေရႊထပ္ ျမတ္သလိုပဲ နွစ္ေယာက္လံုးဟာ သက္ဆိုင္ရာ အနုပညာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနတဲ့

အနုပညာရွင္ေတြျဖစ္ၿပီး တစ္ေယာက္အတြက္ တစ္ေယာက္ အေကာင္းဆံုး ေထာက္ပံ့ေပးကာ ခ်စ္ၾကတဲ့ အတြဲေလး ပဲျဖစ္ပါတယ္.။ ေရႊထူးနဲ႕ ေရႊမႈန္ရတီတို႕ဟာ လက္ထပ္တဲ့ အခ်ိန္မွာ ေဝဖန္မႈေတြရွိခဲ့ေပမယ့္ ခ်စ္တဲ့ စိတ္နဲ႕ ပရိသတ္ေတြကေတာ့ ေနာက္ပိုင္းမွာ အားေပးမႈေတြကို ျပန္လည္ရရွိခဲ့ပါတယ္.။ အနုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနၿပီး

တစ္ေယာက္အေပၚ တစ္ေယာက္ထားတဲ့သူတို႕နွစ္ဦးရဲ႕ အခ်စ္ေတြနဲ႕ ဂရုစိုက္မႈေတြကိုေတာ့ ပရိသတ္ေတြက အားက်မႈေတြနဲ႕ အတူ သေဘာက်နွစ္သက္ျခင္းေတြကို ရရွိေနၾကတာပါ.။ လက္ရွိမွာလည္း ေရႊထူးတစ္ေယာက္ ေမလ (၂၄)ရက္ေန႕တည္းက အသည္းအသန္ဖ်ားနာမႈ ျဖစ္ေနၿပီး ဂရုတစိုက္နဲ႕ ျပဳစုေပးတဲ့ ခ်စ္ဇနီးေရႊမႈန္ေလးေၾကာင့္ အခ်စ္ေတြ

ပိုတိုးကာ ေက်းဇူးတင္ေနမိတဲ့ အေၾကာင္းေလးကို ေမလ (၂၅)ရက္ေန႕မွာ “သူနဲ႕ ယူၿပီးမွ အသည္းအသန္ဖ်ားတာ (၄)ေခါက္ေလာက္ရွိၿပီ…ညဥ့္နက္သန္းေခါင္လည္း ထရွာတယ္.။ မၿငီးမျငဴ ဂရုစိုက္ရွာတယ္ …။ ခ်စ္တယ္ မိန္းမရယ္…”ဆုိၿပီး သူ႕ရဲ႕ မိုင္ေဒးမွာ တင္လာခဲ့ပါတယ္.။ ေရႊထူးက ဖ်ားနာေနတဲ့

သူ႕ကို အနားကေန ညဥ့္နက္သန္းေခါင္အခ်ိန္ျဖစ္ေနရင္ေတာင္ အိပ္ရာကထကာ ျပဳစုေပးတဲ့ ခ်စ္ဇနီးရဲ႕ ျပဳစုဂရုစိုက္မႈေတြေၾကာင့္ ေပ်ာ္ရႊင္မႈေတြနဲ႕ အခ်စ္ေတြကို ပိုတိုးကာ ခ်စ္မိေနတဲ့ ပံုပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ေရႊထူးတစ္ေယာက္ ဇနီးေရႊမႈန္ရတီရဲ႕ ျပဳစုယုယမႈေတြနဲ႕အတူ အျမန္ျပန္လည္ ေနေကာင္းဖို႕ ဆုေတာင္းေပးလိုက္ရေအာင္ေနာ္.။

Read in UNICODE

ချစ်စရာကောင်းပြီး ပရိသတ်တွေနှစ်သက်အားကျတဲ့ လူငယ်ဆယ်လီ အိမ်ထောင်ရှင်အတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ အတွဲလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ရွှေထူးနဲ့ ရွှေမှုန်ရတီလေးတို့ အတွဲကတော့ ရွှေနှစ်ရွှေထပ် မြတ်သလိုပဲ နှစ်ယောက်လုံးဟာ သက်ဆိုင်ရာ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့

အနုပညာရှင်တွေဖြစ်ပြီး တစ်ယောက်အတွက် တစ်ယောက် အကောင်းဆုံး ထောက်ပံ့ပေးကာ ချစ်ကြတဲ့ အတွဲလေး ပဲဖြစ်ပါတယ်.။ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဟာ လက်ထပ်တဲ့ အချိန်မှာ ဝေဖန်မှုတွေရှိခဲ့ပေမယ့် ချစ်တဲ့ စိတ်နဲ့ ပရိသတ်တွေကတော့ နောက်ပိုင်းမှာ အားပေးမှုတွေကို ပြန်လည်ရရှိခဲ့ပါတယ်.။ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး

တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့သူတို့နှစ်ဦးရဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကိုတော့ ပရိသတ်တွေက အားကျမှုတွေနဲ့ အတူ သဘောကျနှစ်သက်ခြင်းတွေကို ရရှိနေကြတာပါ.။ လက်ရှိမှာလည်း ရွှေထူးတစ်ယောက် မေလ (၂၄)ရက်နေ့တည်းက အသည်းအသန်ဖျားနာမှု ဖြစ်နေပြီး ဂရုတစိုက်နဲ့ ပြုစုပေးတဲ့ ချစ်ဇနီးရွှေမှုန်လေးကြောင့် အချစ်တွေ

ပိုတိုးကာ ကျေးဇူးတင်နေမိတဲ့ အကြောင်းလေးကို မေလ (၂၅)ရက်နေ့မှာ “သူနဲ့ ယူပြီးမှ အသည်းအသန်ဖျားတာ (၄)ခေါက်လောက်ရှိပြီ…ညဉ့်နက်သန်းခေါင်လည်း ထရှာတယ်.။ မငြီးမငြူ ဂရုစိုက်ရှာတယ် …။ ချစ်တယ် မိန်းမရယ်…”ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ ရွှေထူးက ဖျားနာနေတဲ့

သူ့ကို အနားကနေ ညဉ့်နက်သန်းခေါင်အချိန်ဖြစ်နေရင်တောင် အိပ်ရာကထကာ ပြုစုပေးတဲ့ ချစ်ဇနီးရဲ့ ပြုစုဂရုစိုက်မှုတွေကြောင့် ပျော်ရွှင်မှုတွေနဲ့ အချစ်တွေကို ပိုတိုးကာ ချစ်မိနေတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ရွှေထူးတစ်ယောက် ဇနီးရွှေမှုန်ရတီရဲ့ ပြုစုယုယမှုတွေနဲ့အတူ အမြန်ပြန်လည် နေကောင်းဖို့ ဆုတောင်းပေးလိုက်ရအောင်နော်.။

Source : Htoo Khant’s Facebook

Add a Comment

Your email address will not be published. Required fields are marked *