ရုပ်ရှင်ရိုက်ရင်း သရဲအခြောက်ခံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပရိသတ်တွေကို ပြောပြခဲ့တဲ့ သံသာမိုးသိမ့်






Read in UNICODE

ပြည်သူ့အချစ်‌တော်အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး သံသာမိုးသိမ့်လည်းအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းပြီး သွက်လက်တဲ့အမူအရာလေးတွေကြောင့်လည်း ပရိတ်သတ်တွေရဲ့အားပေးဝန်းရံမှုရရှိထားတဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ အခုလက်ရှိပြသနေတဲ့အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာ မကြာသေးမီကသူမရဲ့Facebookစာမျက်နှာတွင် “ဘဝမာ သရဲတအားကြောက်တာနော်.. သရဲခြောက်တာလည်း လေးခါလောက်ခံရဖူးတယ်အခြောက်ခံရတုန်းကလည်း ကြောက်ဖို့ကိုတကယ်မေ့နေတာမျိုးကြီး.. အကောင်လိုက်တွေရော video တွေပါရိုက်ထားတာတွေရော.. တကယ်မူးမေ့လဲချင်စရာအကွက်တွေပဲ.. ပထမတစ်ခုက ကန်ချနာဘူရီမာအခြောက်ခံရတာပဲ.. TVC ရိုက်ဖို့တွက်သွားတာ.. ပထမညရောက်တော့ပင်ပန်းတာရယ် မနက်မိုးလင်းမိတ်ကပ်ပြင်ရမာကြောင့် အိပ်သွားတာပဲ အကောင်းပဲ အဲ ဒုတိယညကျမှဇာတ်လမ်းကစတာ.. ည ၁၁ လောက် shooting ပြီးတော့ ပင်ပန်းပြီးအိပ်မယ်လုပ်တာ.. အိပ်လည်းအိပ်သွားတယ် သားအမိနှစ်ယောက်.. ရေထဲမာ ဘန်ဂလိုလေးတွေနဲ့ဆိုတော့ ကိုယ့်ရဲ့ ပြတင်းပေါက်ကကြည့်ရင်

ရေပြင်ကြီးပဲရှိတယ် ည ၁၂ တိတိ မာ အဲ့ပြတင်းပေါက်ကို လက်နဲ့ သုံးချက်တိတိရိုက်တာ.. အမေရော ကိုယ်ရော ချွေးတွေရွဲနင့်ပြီး မျက်လုံးတွေပြူးပြီးနိုးရော အမေကလည်းကိုယ့်ကိုကြညိ့် ကိုယ်လည်းအသံမထွက်တော့ဘူး အဲ့ချိန်မာပဲ ထပ်ရိုက်တော့ ပါလာတဲ့သူတွေကိုဖုန်းဆက်ဖို့လုပ်တော့ ကိုဇေရဲထက်လည်းအိပ်ပြီ ကံကောင်းချင်တော့ ဒေါ် မိုကို June MoMo Ko ကမအိပ်သေးတာတွေ့တော့ အမရေ အိပ်ပြီလား ဒီမာသရဲခြောက်လို့ဆိုတော့ ကျားကျားယျားယျားကြီးကမကြောက်မလန့် ကိုယ့်အခန်းရောက်လာပြီးလာကြည့်ရော.. အဲ့တာနဲ့ကိုယ်တွေကတော့ ဆက်မအိပ်ရဲတာသေချာတော့ မမိုကိုအခန်းမာသားအမိနှစ်ယောက်လိုက်အိပ်ရတော့တာပေါ့ မနက်မိုးလင်းတော့ တစ်ဖွဲ့လုံးမယုံလို့အခန်းကိုစစ်တော့မှ လက်နဲ့ရိုက်ထားတာ မှန်တောင်ကွဲနေပြီ ကြောက်တာဆိုတာလေ ပြန်တောင်လှည့်မကြည့်တော့တာပဲ နောက်တစ်ခုက central world ရှေ့ကတည်းနေကျဟိုတယ်.. အခန်းလည်းစုံနေပီနေတာ အရင်ကလုံးဝမဖြစ်ဘူး စိတ်မသန့်တာလောက်ပဲ ကိုကလည်း bkk မာအဲ့ဟိုတယ်ကိုအကြိုက်ဆုံးဆိုတော့ မရဘူးအဲ့မာပဲတည်းမယ်ပေါ့လေ.. ဖြစ်ချင်တော့

သူငယ်ချင်းတွေအုပ်စု bkk မာ waterzonic သွားကဲကျတာ သူတို့တည်းတဲ့ဟိုတယ်ကတအားအခြောက်ကြမ်းလို့ အမေလည်းပါနေတော့ သူတို့ဟိုတယ်နဲ့လည်းသိပ်မဝေးတာနဲ့ တည်းနေကျမာပဲတည်းလိုက်တယ် ပွဲသွားခါနီးမှလာမယ်ဆိုပြီးပဲလုပ်လိုက်တယ်… shopping လည်းထွက်ချင်တာနဲ့ တစ်ရက်ကြိုလာလိုက်တယ်ပေါ့လေ.. ရောက်ရောက်ချင်းည သားအမိနှစ်ယောက် ညစာစားပြီး ညဆယ်နာရီလောက် ကုတင်ပေါ်ထိုင်စကားပြောနေတာ ကိုက ကုတင်ပေါ်မာ TV ကြည့်နေတယ် အမေက TV ကိုကြောပေးပြီးကုတင်ဘက်လှည့်နေလိုက်တယ်..အဲ့ချိန်မာလေ TV ထဲကနေ လှမ်းကြည့်နေတာ ကိုယ်လည်းကြက်သေသေနေပီ အမေက ဟဲ့ ဘာဖြစ်တာလညိး မျက်လုံးကြီးပြူးနေတော့.. အမေကြောက်မာဆိုးတာနဲ့ အမေလာဗိုက်ဆာတယ် big cခဏဆင်းရအောင်ဆိုပြီးဆွဲခေါ်လာ

တယ် အမေကသိတယ် ဟဲ့ဘာဖြစ်တာလဲဆိုတော့ အမေရေသရဲခြောက်တယ်ဆိုတော့ နောက်နေ့တွေ guide ပါမပြန်ခိုင်းပဲအိပ်ခိုင်းရတော့တယ် ဒါတောငိသူငယ်ချင်းတွေခြောက်ခံရတာရော bkk ကနေပါလာပြီးရန်ကုန်မာဆရာနဲ့ပါပြန်ထုတ်ရတာတွေမပါသေးဘူး……။ တတိယတစ်ခုကတော့ အချစ်ဖွဲ့လေညှင်းရိုက်တော့ထင်းလိမ်ခွဲခိုင်းတဲ့အခန်းမာအခြောက်ခံရတာပဲ..ရုပ်ရှင်ရိုက်ရင်းသရဲခြောက်ခံရတာနော် သရဲကရုပ်ရှင်ထဲပါချင်တာ.. အန်တီသိင်္ဂီထွန်းနဲ့ ကိုကျော်နဲ့ထမင်းစားတဲ့ scene အထဲမာရေလည်ခြောက်နေတာ ကိုတွေလည်းဟန်မပျက်ပေါ့ ဒါပေမယ့်တုန်နေပြီ ဇာတ်လမ်းကဒီလို ရွာတွေဆိုတော့ရှိမာပေါ့လေ အဲ့အခန်းမာထမင်းစားမာဆိုတော့ setting အဖွဲ့ကဟင်းတွေပြင်ထားတာ ဒါကိုသူတို့ကမေ့ပြီး အိမ်ပြင်မာထားလိုက်တာပေါ့လေ ရိုက်မယ်လည်းဆိုရော

အန်တီသိင်္ဂိထွန်းစားမယ့် ဇွန်းကိုလှည့်ပြတာ အဲ့ထဲမာရှိတဲ့သူအကုန်မြင်.. အဲ့မာကိုကျော်လာတဲ့အချိန်ထပ်ပြလိုက်တာ အကုန်ဆက်မစားရဲတော့ပဲ အကုန်သွန်ရတော့တာပဲ းအထဲမာနှစ်ယောက်ကြောက်ကြောက်နဲ့ရိုက်ကျတာ ကိုယ်လည်းအပြင်မာလန့် ဆံပင်ကလည်းဖားယားဆိုတော့ ငါ့ဆီလာရင်ဒုက္ခပဲဆိုပြီး.. ထင်းကိုခွဲသာခွဲနေတာ dialogue သာရွတိနေတာ ငါ့လာလုပ်ရင်တော့သေပြီနော်ဆိုပြီးစိတ်တိုတိုနဲ့ထင်းခွဲတော့တာပဲအဲ့တာနဲ့နောက်တစ်မြို့မာထပ်ရိုက်ကျတာပေါ့လေမင်းသမီးလေးကိုချစ်လို့ဆိုပြီး တစ်ညလုံးပတ်ပြေးတာ ပရိတ်လည်းမနိုင် ပဌာန်းလည်းမရ အခန်းပါပြောင်းပြေးရတဲ့ထိပဲ တံခါးတွေခေါက် ညဆိုပြေး reception ကလူတွေလည်းထိုင်ပါစောင့်ခိုင်းတော့တာ video ထဲသာကြည့်.. လူမရှိဘူးနော်အပေါထပ်ကအခန်းတွေမာ ပေါ်တင် ကျွန်မနှင့်ချစ်သောသရဲများ..” ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *