ဒူးရင်းသီးခြံကြီးထဲမှာ ချစ်သူလေး ရီရီပွင့်ဖြူနဲ့အတူ အလည်သွားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဓာတ်ပုံတွေရိုက်ခဲ့ကြတဲ့ သရုပ်ဆောင် မောင်





Read in UNICODE

အကယ်ဒမီမင်းသမီးနန္ဒာလှိုင်ရဲ့ မောင်ချောလေးဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ မောင်ဆိုတဲ့ နာမည်လေးနဲ့ တစ်ခေတ်တစ်ခါမှာ အနုပညာအလုပ်‌တွေကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ သူ့ကို အနုပညာအလုပ်တွေလုပ်ကိုင်တာမတွေ့ရတော့ဘဲ

ချစ်အစ်မတွေနဲ့အတူ စီးပွားရေးလေးကိုအောင်မြင်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။မောင်က သရုပ်ဆောင်ရီရီပွင့်ဖြူနဲ့လည်း နှစ်ကိုယ်တူမေတ္တာမျှနေကြပြီး ချစ်သူနှစ်ယောက်က အေးအတူပူအမျှချစ်နေကြတာဖြစ်ပါတယ်။ရီရီပွင့်ဖြူဟာဆိုရင်လည်း

ဗီဒီယိုခေတ်မှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေအများအပြားရိုက်ကူးလာခဲ့တာဖြစ်ပါတယ်။မောင်တို့ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတာပါနော်။ အခုဆိုရင်တော့ မောင်နဲ့ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ယောက်က

လှိုင်ဒူးရင်းခြံထဲကို ရောက်ရှိနေကြတာဖြစ်ပါတယ်။အနံ့အရသာနဲ့ပြည့်စုံပြီး အဆင်းလည်းလှတဲ့ ဒူးရင်းသီးကြီးတွေက မြင်ရသူအပေါင်းကို သွားရည်ကျစေမှာပါနော်။မောင်နဲ့ရီရီပွင့်ဖြူတို့ကလည်း ဒူးရင်းသီးခြံထဲမှာ ပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ကြပြီး ချစ်ပရိသတ်ကြီးအတွက် သူတို့ပုံရိပ်လေးကို မျှဝေလာတာဖြစ်ပါတယ်။

Source : Sein Phyo & Yi’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *