ကြင်နာတတ်တဲ့စိတ်ရှိရင် လူတစ်ယောက်က အလိုလို အေးချမ်းတယ်ဆိုတဲ့ ဖြူဖြူထွေး






Read in UNICODE

လတ်တလောမှာ ပရဟိတ လုပ်ငန်းတွေကို တက်အားသရွေ့ပါဝင်လုပ်ကိုင်နေပြီး ဖော်ရွေလွန်းတဲ့ စကားပြောပုံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝပိုင်ဆိုင်ထားတဲ့ သူလေးကတော့ သရုပ်ဆောင် ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ သူမက အနုပညာလှုပ်ရှားမှုတွေကို

ကြိုးစားလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်…..။ဖြူဖြူထွေးက စကားပြောဆိုရာမှာ သွက်သွက်လက်လက်ပြောဆိုတက်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ကလေးဆန်တဲ့

အပြုအမူလေးတွေကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အားပေးချစ်ခင်နေကြတာပါနော်။ ဖြူဖြူထွေးက ယခုလက်ရှိမှာတော့ photo shooting တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး သူမ အားလပ်တဲ့

အချိန်လေးတွေမှာလည်း ပရိသတ်တွေဆီကို ပုံရိပ်တချို့တင်ပေးလေ့ရှိနေတာလည်း ဖြစ်ပါတယ်…..။ ယခုမှာလည်း ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ ” လူတစ်ယောက်မှာ ကြင်နာတတ်တဲ့စိတ်ရှိရင် အလိုလို အေးချမ်းတာ ” ဆိုတဲ့

စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *