ပရိသတ်တစ်ဦးက သူမရဲ့နာမည်ကို တက်တူးထိုးပေးတဲ့အထိ အားပေးကြမ်းခဲ့တာကြောင့် အံ့သြနေတဲ့ မေမြင့်မိုရ်





Read in UNICODE

MRTV-4ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ” အရိပ်” ဇာတ်လမ်းတွဲတွေ စုစုလှိုင်အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မေမြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်ကာရိုက်တာကိုပီပြင်အောင်

သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ အပြောအဆိုနဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တာပဲဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ အိမ်မှာနေရင်း အပျင်းပြေဆော့ထားတဲ့

tik tokလေးတွေကိုနဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ Fanတစ်ဦးက သူမရဲ့ နာမည်လေးကို တက်တူးထိုးထားတဲ့ပုံရိပ်လေးကို သဘောကျကာ မိုင်းဒေးမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမကို အားပေးကြမ်းကြတဲ့ ပရိသတ်တွေကြောင့်လည်း

ပျော်ရွှင်နေတဲ့ သူတစ်ဦးပါပဲနော်။ ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ နာမည်လေးကို tattooထိုးထားတဲ့ ပုံရိပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မေမြင့်မိုရ်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Source : May Myint Mo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *