မိန်းမဖြစ်သူစားဖို့ ဟင်းတွေကိုယ်တိုင် ချက်ပြုတ်ပေးနေတဲ့ နေဝင်း
Read in UNICODE
လူငယ်ကြိုက် တေးဂီတအဖွဲ့ဖြစ်တဲ့ Snare အဖွဲ့က အဆိုတော်နေဝင်းကတော့ သူနဲ့ ဆယ်စုနှစ်တစ်စုစာ ချစ်ခဲ့ကြတဲ့ ချစ်သူ ခရီးသွားဘလော်ဂါလေး အိမ့်ချစ်ချောနဲ့ ဖူးစာဆုံခဲ့ပြီပဲ ဖြစ်ပါတယ်။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့က ဧပြီလအတွင်းမှာ မင်္ဂလာပွဲကျင်းပဖို့
စီစဉ်ထားပေမယ့် ကပ်ရောဂါအခြေအနေတွေကြောင့် မင်္ဂလာပွဲကိုနောက်ဆုတ်လိုက်ရပြီး နေအိမ်မှာပဲ နှစ်ဖက်မိဘတွေရှေ့မှောက်မှာ တရားဝင်လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နေဝင်းကတော့
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အစစအရာရာ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နေဝင်းက ချစ်ဇနီးလေးစားဖို့ ဟင်းမျိုးစုံကို ဖွယ်ဖွယ်ရာရာနဲ့ သူကိုယ်တိုင်ချက်ပြုတ်ပေးဖြစ်နေတယ်လို့ ပြောထားပါတယ်။ နေဝင်းကတော့
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ချစ်စဇနီးလေးအတွက် အစစအရာရာပြည့်စုံတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ရှင်ပူပူနွေးနွေး နေဝင်းကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။
Source : Nay Win’s Facebook
Add a Comment
Your email address will not be published. Required fields are marked *