လူနာတင်ယာဉ်ဝယ်ဖို့ အလှူငွေ(၃)သိန်း ပါဝင်လှူဒါန်းပေးခဲ့တဲ့ ဒိန်းဒေါင်
Read in UNICODE
ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ လတ်တလောမှာ ပြည်သူ+လူရွှင်တော် ပရဟိတအသင်းအတွက်လိုအပ်နေတဲ့ လူနာတင်ယာဉ်ကို ဝယ်ယူဖို့အတွက် အလှူငွေပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ လူနာတင်ယာဉ်
ဝယ်ယူဖို့ရန်အတွက် (၃)သိန်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ Covid ကြောင့် အခက်အခဲနဲ့ ကြုံနေချိန်မှာလည်း တတ်နိုင်သလောက်
အခြေခံစားသောက်ကုန်တွေကို လှူဒါန်းပေးနေခဲ့ပါသေးတယ်။အခုတစ်ခေါက်မှာလည်း ပြည်သူ+လူရွှင်တော် ပရဟိအသင်းအတွက် လိုအပ်နေတဲ့ လူနာတင်ယာဉ်ဝယ်ယူဖို့အတွက်ကိုလည်း အလှူငွေလှူဒါန်းပေးခဲ့ပြန်ပါတယ်။ အခုလိုလှူဒါန်းရတဲ့
ကောင်းမှုကြောင့် အနုပညာလောကမှာ ဒီထက်မကအောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကို ပိုမိုလှူဒါန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ဒိန်းဒေါင်အတွက်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း ဒိန်းဒေါင်ရဲ့ အလှူအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source : U Myo Htun | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *