ဘိုးဘွားရိပ်သာက အနုပညာရှင် အဖိုးအဖွားတွေကို စားသောက်စရာတွေ ကိုယ်တိုင်သွားလှူခဲ့တဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်
Read in UNICODE
လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ ညီအမနှစ်ယောက်ကတော့ အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူမတို့ ညီအမနှစ်ယောက်ကတော့ အနုပညာမျိုးရိုးရှိသူတွေဖြစ်ကြပြီး အကိုဖြစ်သူဒါရိုက်တာမိုက်တီး
ဖခင်ဖြစ်သူတို့ဟာလည်း အောင်မြင်ခဲ့တဲ့ ဒါရိုက်တာတွေပဲဖြစ်ကြပါတယ်။ ပရိသတ်တွေရဲ့ အချစ်ကိုရယူထားနိုင်တဲ့ လင်းဇာနည်ဇော်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးဖြစ်တဲ့ မြူလင်းကိုကို ကိုပိုင်ဆိုင်ထားကာ သမီးလေးနဲ့အတူ
ပျော်ရွှင်အေးချမ်းတဲ့ အချိန်တွေကို အတူတူဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။ ယခုမှာတော့ လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအမနှစ်ယောက်ဟာ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာက အနုပညာရှင်အဖိုးအဖွားတွေကို စားသောက်ဖွယ်ရာတွေ
လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ” အားတဲ့ရက်လေးအပြေး..အလှုသေးသေးလေး’ အနုပညာဆည်းဆာရိပ်’ ဘိုးဘွားရိပ်သာ “ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက်
လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီမနှစ်ယောက်ရဲ့ အနုပညာရှင်အဖိုးအဖွားတွေကို အလှူအတန်းတွေပြလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Lin Zarni Zaw’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *