အႏုပညာအလုပ္အျပင္ စီးပြားေရးေတြ မလုပ္ခဲ့မိတာ ေနာင္တရတယ္လို႔ ရင္ဖြင့္ခဲ့တဲ့ ကိုကိုဦး

ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္ ခက္ခဲတဲ့ ဇာတ္ပို႔၊ ဇာတ္ရံမ်ားကို ျမန္မာႏိုင္ငံ ႐ုပ္ရွင္ အစည္းအ႐ုံးနဲ႔ တတ္ႏိုင္တဲ့သူမ်ားက လႉေပးေနတဲ့အေပၚ ဝမ္းသာမိသလို ဒီလိုမ်ိဳး အလႉခံၿပီး မေနခ်င္ဘူးလို႔ သ႐ုပ္ေဆာင္ ကိုကိုဦးက ေျပာပါတယ္။“က်ေနာ္တို႔ ဇာတ္ပို႔ ဇာတ္ရံေတြကို လႉေပးေနၾကတာလည္း ဝမ္းသာတယ္။ ဒါေပမဲ့ က်ေနာ္တို႔ စိတ္ထဲမွာ အားနာတယ္။ အလႉခံၿပီးေနရတာကိုက စိတ္ထဲ တမ်ိဳးႀကီးပဲ။ က်ေနာ္တို႔ ဒီလိုႀကီးပဲလည္း အလႉခံၿပီး မေနခ်င္ဘူး။ က်ေနာ္တို႔ ႐ုန္းကန္ႏိုင္လားဆိုေတာ့လည္း မ႐ုန္းကန္ႏိုင္ဘူး။ တျခား စီးပြားေရး မလုပ္ခဲ့မိတဲ့အတြက္ ေနာင္တေလးေတြေတာ့ ရတယ္”လို႔ ကိုကိုဦးက ဧရာဝတီကို ေျပာပါတယ္။ ဆက္လက္ၿပီး ကိုကိုဦးက အႏုပညာသမား အမ်ားစုက အႏုပညာ အလုပ္ပဲ

လုပ္တတ္ၾကၿပီး အျခား စီးပြားေရးလည္း မလုပ္တတ္ၾကတဲ့အတြက္ အခက္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ “ကိုဗစ္ ျမန္ျမန္ၿပီးဆုံးပါေစ ဆုေတာင္းပါတယ္။ အႏုပညာသမားေတြက အႏုပညာအလုပ္ပဲ လုပ္ခ်င္တာေပါ့။ အႏုပညာအလုပ္ပဲ လုပ္တတ္တာေပါ့။ တျခားအျပင္က စီးပြားေရးလည္း မလုပ္တတ္၊ လုပ္ဖို႔ကလည္း အရင္းအႏွီးလိုတယ္ေလ။ အဲ့ေတာ့ က်ေနာ္တို႔က ျပင္ဆင္မႈ မရွိၾကဘူး။ က်ေနာ္တို႔က အႏုပညာအလုပ္နဲ႔ တသက္လုံးေကာင္းေနမယ္ပဲ ထင္ထားတာ” “အဲ့မွာ ႐ုတ္တရက္ ဗီဒီယို ေဈးကြက္လည္း ပ်က္ၿပီး ဂယက္႐ိုက္ေနခ်ိန္ ကိုဗစ္ကျဖစ္ေတာ့ က်ေနာ္တို႔အႏုပညာသမားေတြ ပိုဆိုးသြားတာေပါ့။ က်ေနာ္တို႔ အႏုပညာသမားေတြ အျပင္စီးပြားေရး ဘာလုပ္ရမွန္းမသိဘဲ ျဖစ္တယ္ေလ။ ငါတို႔ အရင္ကတည္းက

စီးပြားေရးလုပ္ခဲ့ရင္ ေကာင္းသား ဆိုၿပီးေနာင္တေတြေတာ့ရတာေပါ့”လို႔ ကိုကိုဦးက ေျပာပါတယ္။ လက္ရွိမွာ အႏုပညာသမားအခ်ိဳ႕ အြန္လိုင္းမွာ ေဈးေရာင္းေနၾကတာကို ေဝဖန္ေနၾကတဲ့အေပၚလည္း ကိုကိုဦးက အခုလိုပဲ ဆိုပါတယ္။ “အႏုပညာလုပ္ရာကေန စီးပြားေရးလုပ္ရမွာကို ရွိန္ေနၾကတာ ရွိတယ္။ ရွိန္စရာ မလိုဘူး။ ကိုယ့္မိသားစုအဆင္ေျပဖို႔အတြက္ လုပ္ရမွာပဲ။ အႏုပညာသမားေတြ ခက္ခဲေနတာကိုလည္း တခ်ိဳ႕ေတာ့ နားလည္ေပးၾကတယ္။ တခ်ိဳ႕က နားမလည္ေပးဘူး။ က်ေနာ္တို႔ကို ေဝဖန္ေျပာဆိုေနၾကတယ္” “က်ေနာ္တို႔ အခက္အခဲကို မီဒီယာေတြကေန က်ေနာ္တို႔ အဆင္မေျပတာေတြ ေျပာျပေတာ့ အေျပာခံရတယ္။ က်ေနာ္ ဖတ္ရတယ္။ က်ေနာ္တို႔မွ

အဆင္မေျပတာ မဟုတ္ပါဘူး။ အကုန္ အဆင္မေျပတာ သိတယ္။ အဲ့အတြက္ က်ေနာ္တို႔ေတြက ကိုယ္ဘာလုပ္ကိုင္စားမလဲ စဥ္းစားၿပီး လုပ္သင့္တယ္”လို႔ ဆိုပါတယ္။ ဆက္ၿပီး “ အႏုပညာသမားေတြကိုလည္း အျမင္ေစာင္းေနတာေတြ ရွိတယ္။ က်ေနာ္တို႔ကိုအျမင္မေစာင္းေစခ်င္ပါဘူး။ က်ေနာ္တို႔လည္း လူထဲက လူမို႔ နားလည္မႈေပးၾကပါ။ ေျပာတာ မွားတာရွိရင္လည္း ခြင့္လႊတ္ေပးၾကပါ။ က်ေနာ္တို႔က အႏုပညာကို ခ်စ္တဲ့အတြက္ အႏုပညာပဲ လုပ္ေနေတာ့ တျခားစီးပြားေရးလုပ္ငန္းကို မလုပ္ခဲ့မိတဲ့အတြက္ က်ေနာ္တို႔ အလုပ္ေတြ ရပ္ေတာ့ စီးပြားေရးေလးေတြ လုပ္ကိုင္ေနၾကရတာကို နားလည္မႈေလးေတြ ေပးေစခ်င္တယ္ ”လို႔ ကိုကိုဦးက ေျပာပါတယ္။ သ႐ုပ္ေဆာင္ ကိုကိုဦးဟာ ဗီဒီယို၊ ႐ုပ္ရွင္ဇာတ္ကားေတြမွာ လူၾကမ္းသ႐ုပ္ေဆာင္အျဖစ္ ပရိသတ္အားေပးမႈေတြ ရရွိခဲ့သူျဖစ္ၿပီး သားျဖစ္သူ သီဟေအာင္ကလည္း လက္ရွိမွာ အႏုပညာ လႈပ္ရွားမႈေတြ လုပ္ကိုင္ေနပါတယ္။

Read in UNICODE

ကပ်ရောဂါ ဖြစ်ပွားနေချိန် ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ တတ်နိုင်တဲ့သူများက လှူပေးနေတဲ့အပေါ် ဝမ်းသာမိသလို ဒီလိုမျိုး အလှူခံပြီး မနေချင်ဘူးလို့ သရုပ်ဆောင် ကိုကိုဦးက ပြောပါတယ်။“ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေကို လှူပေးနေကြတာလည်း ဝမ်းသာတယ်။ ဒါပေမဲ့ ကျနော်တို့ စိတ်ထဲမှာ အားနာတယ်။ အလှူခံပြီးနေရတာကိုက စိတ်ထဲ တမျိုးကြီးပဲ။ ကျနော်တို့ ဒီလိုကြီးပဲလည်း အလှူခံပြီး မနေချင်ဘူး။ ကျနော်တို့ ရုန်းကန်နိုင်လားဆိုတော့လည်း မရုန်းကန်နိုင်ဘူး။ တခြား စီးပွားရေး မလုပ်ခဲ့မိတဲ့အတွက် နောင်တလေးတွေတော့ ရတယ်”လို့ ကိုကိုဦးက ဧရာဝတီကို ပြောပါတယ်။ ဆက်လက်ပြီး ကိုကိုဦးက အနုပညာသမား အများစုက အနုပညာ အလုပ်ပဲ

လုပ်တတ်ကြပြီး အခြား စီးပွားရေးလည်း မလုပ်တတ်ကြတဲ့အတွက် အခက်တွေ့ရတယ်လို့ ဆိုပါတယ်။ “ကိုဗစ် မြန်မြန်ပြီးဆုံးပါစေ ဆုတောင်းပါတယ်။ အနုပညာသမားတွေက အနုပညာအလုပ်ပဲ လုပ်ချင်တာပေါ့။ အနုပညာအလုပ်ပဲ လုပ်တတ်တာပေါ့။ တခြားအပြင်က စီးပွားရေးလည်း မလုပ်တတ်၊ လုပ်ဖို့ကလည်း အရင်းအနှီးလိုတယ်လေ။ အဲ့တော့ ကျနော်တို့က ပြင်ဆင်မှု မရှိကြဘူး။ ကျနော်တို့က အနုပညာအလုပ်နဲ့ တသက်လုံးကောင်းနေမယ်ပဲ ထင်ထားတာ” “အဲ့မှာ ရုတ်တရက် ဗီဒီယို ဈေးကွက်လည်း ပျက်ပြီး ဂယက်ရိုက်နေချိန် ကိုဗစ်ကဖြစ်တော့ ကျနော်တို့အနုပညာသမားတွေ ပိုဆိုးသွားတာပေါ့။ ကျနော်တို့ အနုပညာသမားတွေ အပြင်စီးပွားရေး ဘာလုပ်ရမှန်းမသိဘဲ ဖြစ်တယ်လေ။ ငါတို့ အရင်ကတည်းက

စီးပွားရေးလုပ်ခဲ့ရင် ကောင်းသား ဆိုပြီးနောင်တတွေတော့ရတာပေါ့”လို့ ကိုကိုဦးက ပြောပါတယ်။ လက်ရှိမှာ အနုပညာသမားအချို့ အွန်လိုင်းမှာ ဈေးရောင်းနေကြတာကို ဝေဖန်နေကြတဲ့အပေါ်လည်း ကိုကိုဦးက အခုလိုပဲ ဆိုပါတယ်။ “အနုပညာလုပ်ရာကနေ စီးပွားရေးလုပ်ရမှာကို ရှိန်နေကြတာ ရှိတယ်။ ရှိန်စရာ မလိုဘူး။ ကိုယ့်မိသားစုအဆင်ပြေဖို့အတွက် လုပ်ရမှာပဲ။ အနုပညာသမားတွေ ခက်ခဲနေတာကိုလည်း တချို့တော့ နားလည်ပေးကြတယ်။ တချို့က နားမလည်ပေးဘူး။ ကျနော်တို့ကို ဝေဖန်ပြောဆိုနေကြတယ်” “ကျနော်တို့ အခက်အခဲကို မီဒီယာတွေကနေ ကျနော်တို့ အဆင်မပြေတာတွေ ပြောပြတော့ အပြောခံရတယ်။ ကျနော် ဖတ်ရတယ်။ ကျနော်တို့မှ

အဆင်မပြေတာ မဟုတ်ပါဘူး။ အကုန် အဆင်မပြေတာ သိတယ်။ အဲ့အတွက် ကျနော်တို့တွေက ကိုယ်ဘာလုပ်ကိုင်စားမလဲ စဉ်းစားပြီး လုပ်သင့်တယ်”လို့ ဆိုပါတယ်။ ဆက်ပြီး “ အနုပညာသမားတွေကိုလည်း အမြင်စောင်းနေတာတွေ ရှိတယ်။ ကျနော်တို့ကိုအမြင်မစောင်းစေချင်ပါဘူး။ ကျနော်တို့လည်း လူထဲက လူမို့ နားလည်မှုပေးကြပါ။ ပြောတာ မှားတာရှိရင်လည်း ခွင့်လွှတ်ပေးကြပါ။ ကျနော်တို့က အနုပညာကို ချစ်တဲ့အတွက် အနုပညာပဲ လုပ်နေတော့ တခြားစီးပွားရေးလုပ်ငန်းကို မလုပ်ခဲ့မိတဲ့အတွက် ကျနော်တို့ အလုပ်တွေ ရပ်တော့ စီးပွားရေးလေးတွေ လုပ်ကိုင်နေကြရတာကို နားလည်မှုလေးတွေ ပေးစေချင်တယ် ”လို့ ကိုကိုဦးက ပြောပါတယ်။ သရုပ်ဆောင် ကိုကိုဦးဟာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်အားပေးမှုတွေ ရရှိခဲ့သူဖြစ်ပြီး သားဖြစ်သူ သီဟအောင်ကလည်း လက်ရှိမှာ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင်နေပါတယ်။

Source : Irrawaddy

Add a Comment

Your email address will not be published. Required fields are marked *