ဝလာတယ်လို့ပြောတဲ့သူတွေကို ပြန်လည်ချေပဖို့ စကားလေးတခွန်း မျှဝေခဲ့တဲ့ သက်မွန်မြင့်
Read in UNICODE
မင်းသမီးလေး သက်မွန်မြင့်ကတော့ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ မင်းသမီးတွေထဲမှာ တစ်မူထူးခြားသူလေးတစ်ယောက် ဖြစ်ပါတယ်။ သက်မွန်မြင့်က (၂၀၁၄) ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို မွေးဖွားပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့
အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်သွားသည့်တိုင် သက်မွန်မြင့်ကို အရင်လိုပဲ ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ်။ ကလေးမေမေဖြစ်သွားပြီးတဲ့နောက် အလှမပျက်သွားပေမယ့် ခန္ဓာကိုယ်အချိုးအစားပြောင်းလဲလာတဲ့ သက်မွန်မြင့်က ဒီတစ်ခေါက်မှာတော့
သူမကို ဝတယ်လို့ ပြောတဲ့သူတွေကို စကားလေးတစ်ခွန်း ပြန်လည်မျှဝေလာပါတယ်။ သက်မွန်မြင့်က “လောကကြီးက ရုပ်ချောတဲ့သူတွေဆို ပေးမပိန်ဘူး” ဆိုတဲ့ စာလေးကို တဆင့်ပြန်လည်မျှဝေရင်း အရွှန်းဖောက်ထားတာ ဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့
ကလေးနှစ်ယောက် မွေးဖွားပြီးတဲ့နောက် အပျိုတုန်းကထက် ခန္ဓာကိုယ်ပြည့်လာပေမယ့် လှပနေဆဲပါပဲ။ ပရိသတ်ကြီးလည်း သက်မွန်မြင့် တဆင့်ပြန်လည်မျှဝေထားတဲ့ စာသားလေးကို သဘောကျနေကြမယ် ထင်ပါတယ်နော်။
Source : Thet Mon Myint’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *