ရံုးခ်ိန္းကို က်န္းမာေရးမေကာင္းလို႔ မတက္ေရာက္ႏိုင္ခဲ့တဲ့ မိုးေအာင္ရင္

မိုးေအာင္ရင္ကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္ႏိုးက ရန္ကင္းတရား႐ုံးမွာ ကာမလိမ္လည္မႈ နဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။ မိုးေအာင္ရင္ဟာ ဒီေန႔ ( ေမလ ၂၅ ရက္) မွာေတာ့ ႐ုံးခ်ိန္းကို က်န္းမာေရးမေကာင္းလို႔ မတက္ေရာက္ႏိုင္ခဲ့ဘူးဆိုၿပီးေတာ့ သူ႔ရဲ႕ ေရွ႕ေနက တဆင့္ ခြင့္တိုင္ၾကားခဲ့တယ္လို႔ ရန္ကင္းတရား႐ုံးမွ ျပန္ၾကားေရးအရာရွိ ဦးထြန္းႏိုင္ဆင့္က မီဒီယာေတြကို ေျပာပါတယ္။ ႐ုံးခ်ိန္းကိုေတာ့ မိုးေအာင္ရင္ရဲ႕ ရည္းစားေဟာင္း မခင္ျမတ္ႏိုးက ေရာက္လာခဲ့ၿပီးဒီေန႔ ေမလ(၂၅) ရက္ေန႔ ႐ုံးခ်ိန္း

အေျခအေနကို ေျပာျပလာပါတယ္။ “ဒီေန႔ကေတာ့ ႐ုံးခ်ိန္းပဲ ျပန္ေပးတာပါ။ သူတို႔က အမႈနဲ႔ ပတ္သက္ၿပီးေတာ့ အေရွ႕ပိုင္းခ႐ိုင္ကို အမိန႔္နဲ႔ ပတ္သက္ၿပီးေတာ့ ျပင္ဆင္ခ်က္ ျပန္ေလွ်ာက္ထားတာေလ။ အမႈတြဲက အေရွ႕ပိုင္းခ႐ိုင္ကို ေရာက္ေနတာပါ။ အဲဒီေတာ့ အမႈတြဲ ၿပီးသြားေတာ့မွ ဒီမွာ ျပန္စစ္လို႔ရမွာ။ ဟိုဘက္ကေနမွ အမႈတြဲ ျပင္ဆင္ခ်က္ ေလွ်ာက္ထားတဲ့ဟာကို အမိန႔္ခ်မွာကေတာ့ (၂၉) ရက္ေန႔ပါ” လို႔ သူကဆိုပါတယ္။ မခင္ျမတ္ႏိုးကလည္း မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့

အမႈနဲ႔ ပတ္သက္ၿပီး သူမရဲ႕ ခံယူခ်က္ကို ေျပာျပလာပါတယ္။ “ ဒါကလည္း ကံတရားပဲေပါ့ေနာ္။ ရႈံးမယ္လို႔လည္း သိပ္ေတာ့ မထင္ပါဘူး။ လူႀကီးေတြကလည္း မွန္မွန္ကန္ကန္ စိစစ္ေနတာဆိုေတာ့ေလ။ အကယ္၍ ရႈံးနိမ့္သြားခဲ့တယ္ဆိုရင္လည္း ကံပဲေလ။ ေနာက္ ႐ုံးခ်ိန္းကိုေတာ့ ဇြန္လ(၉) ရက္ေန႔ ျပန္ခ်ိန္းတယ္ရွင့္။ ” ဆိုၿပီးေတာ့ ေမလ (၂၅) ရက္ေန႔က ရန္ကင္းတရား႐ုံးက ႐ုံးခ်ိန္းကို ေရာက္လာရင္း ေျဖဆိုခဲ့တာပါ။ မိုးေအာင္ရင္ကို ရည္းစားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ

ကာမလိမ္လည္မႈနဲ႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ ဒီဇင္ဘာ၁၃ရက္ေန႔က ျပဳလုပ္တဲ့ ႐ုံးခ်ိန္းမွာ သိန္း(၁၀၀)နဲ႔ အာမခံရခဲ့တာျဖစ္ပါတယ္။ သူဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခု မွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။

Read in UNICODE

မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှု နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ဒီနေ့ ( မေလ ၂၅ ရက်) မှာတော့ ရုံးချိန်းကို ကျန်းမာရေးမကောင်းလို့ မတက်ရောက်နိုင်ခဲ့ဘူးဆိုပြီးတော့ သူ့ရဲ့ ရှေ့နေက တဆင့် ခွင့်တိုင်ကြားခဲ့တယ်လို့ ရန်ကင်းတရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဆင့်က မီဒီယာတွေကို ပြောပါတယ်။ ရုံးချိန်းကိုတော့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း မခင်မြတ်နိုးက ရောက်လာခဲ့ပြီးဒီနေ့ မေလ(၂၅) ရက်နေ့ ရုံးချိန်း

အခြေအနေကို ပြောပြလာပါတယ်။ “ဒီနေ့ကတော့ ရုံးချိန်းပဲ ပြန်ပေးတာပါ။ သူတို့က အမှုနဲ့ ပတ်သက်ပြီးတော့ အရှေ့ပိုင်းခရိုင်ကို အမိန့်နဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ချက် ပြန်လျှောက်ထားတာလေ။ အမှုတွဲက အရှေ့ပိုင်းခရိုင်ကို ရောက်နေတာပါ။ အဲဒီတော့ အမှုတွဲ ပြီးသွားတော့မှ ဒီမှာ ပြန်စစ်လို့ရမှာ။ ဟိုဘက်ကနေမှ အမှုတွဲ ပြင်ဆင်ချက် လျှောက်ထားတဲ့ဟာကို အမိန့်ချမှာကတော့ (၂၉) ရက်နေ့ပါ” လို့ သူကဆိုပါတယ်။ မခင်မြတ်နိုးကလည်း မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့

အမှုနဲ့ ပတ်သက်ပြီး သူမရဲ့ ခံယူချက်ကို ပြောပြလာပါတယ်။ “ ဒါကလည်း ကံတရားပဲပေါ့နော်။ ရှုံးမယ်လို့လည်း သိပ်တော့ မထင်ပါဘူး။ လူကြီးတွေကလည်း မှန်မှန်ကန်ကန် စိစစ်နေတာဆိုတော့လေ။ အကယ်၍ ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်လည်း ကံပဲလေ။ နောက် ရုံးချိန်းကိုတော့ ဇွန်လ(၉) ရက်နေ့ ပြန်ချိန်းတယ်ရှင့်။ ” ဆိုပြီးတော့ မေလ (၂၅) ရက်နေ့က ရန်ကင်းတရားရုံးက ရုံးချိန်းကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ

ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။ သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခု မှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *