ပရဟိတေတြ အဆက္မျပတ္လုပ္ခဲ့တာေၾကာင့္ ေနမေကာင္းျဖစ္ၿပီး အိပ္ယာထဲလဲေနၿပီျဖစ္တဲ့ ေဝဠဳေက်ာ္

ပရဟိတအလုပ္ေတြ အဆက္မျပတ္ေဆာင္႐ြက္ေနတဲ့ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ကေတာ့ က်န္းမာေရးမေကာင္းဘူးလို႔ သိရပါတယ္။ အလႉအတန္းေတြ မရပ္မနား လုပ္ေဆာင္ေနသူျဖစ္တာေၾကာင့္ အားနည္းသြားတယ္လို႔ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း အဖြဲ႕ဝင္တစ္ဦးက ေျပာလာပါတယ္။ ” ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ႕ အဖြဲ႕ဝင္ ေစတနာ့လုပ္အားရွင္ ဆရာဝန္ ေဒါက္တာရဲေက်ာ္စြာ ကိုပင့္ၿပီး ေဆးသြင္း ေဆးကုခံရသူကေတာ့ ကိုေဝဠဳေက်ာ္ပါပဲ။ေဆးကုသေပးသူ

ေဒါက္တာ ရဲေက်ာ္စြာ ႏွင့္ ဂ႐ုစိုက္ေပးၾကသူ ဆရာ ဦးေက်ာ္ေဇာ၊ အဖြဲ႕ဝင္ လုပ္အားရွင္၊ ညီ/ညီမေလးတို႔အားလုံး ေက်းဇူးပါ။ အဖြဲ႕သားေတြလည္း ေခြၽးထြက္လြန္ၾကေတာ့ အားနည္းၾကတယ္ထင္ပါတယ္။ အၿမဲဓာတ္ဆားတို႔ အားေဆးတို႔ ေသာက္ေနၾကေပမယ့္ တစ္ေယာက္ တစ္လွည့္ အားေဆးသြင္းေနရတယ္ေလ။ ကိုေဝဠဳ ႏွင့္ အဖြဲ႕သား အားလုံးေဘးကင္းစြာ က်မ္းမာၾကပါေစ” ဆိုၿပီးေတာ့ ေမလ ၂၄ ရက္ေန႔ ညက ေဝဠဳေက်ာ္

ေဖာင္ေဒးရွင္း ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ဦးေဆာင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းဟာ အခုလက္ရွိ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္ သံသယလူနာမ်ား သယ္ယူပို႔ေဆာင္ျခင္း၊ ေဆးျဖန္းျခင္းမ်ားေဆာင္႐ြက္လွ်က္ရွိပါတယ္။ အဲဒီေနာက္ အမွန္တကယ္ လိုအပ္မႈ ရွိေနတဲ့ ေနရာေဒသေတြမွာလည္း စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ေမလ(၁၇) ရက္ေန႔တုန္းကလည္း နာဂေဒသအတြက္ လိုအပ္တဲ့

ေဆးဝါးေတြကို ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းက လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ အဲဒီေနာက္ ေမလ (၂၀) ရက္ေန႔ ကစၿပီး က်ဴးေက်ာ္ရပ္ကြက္မွာ ေနထိုင္ရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြ နဲ႔ ဆိုက္ကား နင္းၿပီး မိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရသူေတြကို အဝတ္အစား ၊ စားနပ္ရိကၡာနဲ႔ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။ေဝဠဳေက်ာ္ဟာ

ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။ အဲဒီေနာက္ လာကမ္းလွမ္းတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ႐ိုက္ကူးသြားမယ္လို႔လည္း သိရပါတယ္။

Read in UNICODE

ပရဟိတအလုပ်တွေ အဆက်မပြတ်ဆောင်ရွက်နေတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ကျန်းမာရေးမကောင်းဘူးလို့ သိရပါတယ်။ အလှူအတန်းတွေ မရပ်မနား လုပ်ဆောင်နေသူဖြစ်တာကြောင့် အားနည်းသွားတယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက ပြောလာပါတယ်။ ” ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင် စေတနာ့လုပ်အားရှင် ဆရာဝန် ဒေါက်တာရဲကျော်စွာ ကိုပင့်ပြီး ဆေးသွင်း ဆေးကုခံရသူကတော့ ကိုဝေဠုကျော်ပါပဲ။ဆေးကုသပေးသူ

ဒေါက်တာ ရဲကျော်စွာ နှင့် ဂရုစိုက်ပေးကြသူ ဆရာ ဦးကျော်ဇော၊ အဖွဲ့ဝင် လုပ်အားရှင်၊ ညီ/ညီမလေးတို့အားလုံး ကျေးဇူးပါ။ အဖွဲ့သားတွေလည်း ချွေးထွက်လွန်ကြတော့ အားနည်းကြတယ်ထင်ပါတယ်။ အမြဲဓာတ်ဆားတို့ အားဆေးတို့ သောက်နေကြပေမယ့် တစ်ယောက် တစ်လှည့် အားဆေးသွင်းနေရတယ်လေ။ ကိုဝေဠု နှင့် အဖွဲ့သား အားလုံးဘေးကင်းစွာ ကျမ်းမာကြပါစေ” ဆိုပြီးတော့ မေလ ၂၄ ရက်နေ့ ညက ဝေဠုကျော်

ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ(၁၇) ရက်နေ့တုန်းကလည်း နာဂဒေသအတွက် လိုအပ်တဲ့

ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် မေလ (၂၀) ရက်နေ့ ကစပြီး ကျူးကျော်ရပ်ကွက်မှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ဝေဠုကျော်ဟာ

ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *