(၄၃)နှစ်လို့ မထင်ရလောက်အောင် နုပျိုလွန်းတဲ့ ယောကျာ်းဖြစ်သူကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး






Read in UNICODE

ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတဲ့ ပရိတ်သတ်တွေအားကျရတဲ့ အနုပညာရှင်ဆယ်လီတွေထဲမှာဆိုရင် မင်းသားချောပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်နော်။ သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့သားသမီးလေး

သုံးယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းတို့မိသားစုလေးဟာ အမြဲတန်းမိသားစုစုံစုံလင်လင်နဲ့ အေးအေးချမ်းချမ်းနေလေ့ရှိတဲ့ အားကျစရာမိသားစုလေးဆိုလည်းမမှားပါဘူး။ ပိုင်ဇေရဲထွန်းဟာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့သူဖြစ်ပြီး

ယနေ့ထိတိုင်ပရိတ်သတ်အားပေးချစ်ခင်မှုရရှိထားတာပါ။ဒီနေ့ မေလ(၂၅)ရက်နေ့လေးဟာဆိုရင်လည်း ပိုင်ဇေရဲထွန်းရဲ့ အသက်၄၃နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးကို ဇင်သဲနိုင်ဟာသူမရဲ့ Facebookစာမျက်နှာတွင် ချစ်တုံးကြီးကိုကို၄၃နှစ်ပြည့်တာကို ၃၄နှစ်လို့ထင်နေတဲ့

သဲယောင်္ကျားည၁၂:၀၀တိတိမှာ wishမလုပ်ရင်စိတ်ကောက်တတ်တဲ့သဲယောင်္ကျားမွေးနေ့မှာဘာလက်ဆောင်မပေးရင် စိတ်မကောင်းကဖြစ်သေး သေးသေးဖွဲဖွဲလေးတစ်ခုခုလုပ်ပေးရင်ကို ပျော်နေပြန်ရောအိမ်ထောင်သက်(၁၅)နှစ်မှာ မွေးနေ့ဆုတောင်းတွေလည်းစုံခဲ့ပီမို့

လိုတိုရှင်းပဲဆုတောင်းပေးတော့မယ်အသက်ရှည် ကျန်းမာပီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေပြည့်ပါစေ ဒီမိသားစုလေးကို တစ်သက်လုံးထီးတစ်လက်အဖြစ်မိုးထားနိုင်ပါစေ Happy Birthday My Love” ဆိုပြီးရေးသားထားပါတယ်။ ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Zin Thae Naing’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *