အေမျဖစ္သူလို နားၾကပ္ေလးတပ္ၿပီး ကိုယ့္အသံကိုယ္သြင္းေနတဲ့ ခ်စ္စရာေကာင္းလြန္းတဲ့ ေအသင္ခ်ိဳေဆြရဲ႕ သမီးေလး

တင္းတယ္ တင္းတယ္‌ဆိုတဲ့သီခ်င္းေလးကို ၾကားလိုက္တာနဲ႔ အဆိုေတာ္ေအသင္ခ်ိဳေဆြကို အားလုံးသိသြားၾကမယ္ထင္ပါတယ္ေနာ္။ သူမဟာ အသံပါဝါအားေကာင္းေကာင္းနဲ႔ သီခ်င္းေအးေအးေလးေတြကိုေရာ သီခ်င္းျမဴးျမဴးေလးေတြကိုေရာပါ

ပရိတ္သတ္ရင္ထဲေရာက္ေအာင္သီဆိုတတ္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ေအသင္ဟာ ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ႀကဳံေတြ႕ခဲ့ရေပမယ့္ single motherတစ္ေယာက္အေနနဲ႔ ေအာင္ျမင္စြာရပ္တည္ေနတာျဖစ္ၿပီး ခ်စ္စရာသမီးေလး ဗီးဗီးနဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္ေနတာျဖစ္ပါတယ္။ ဗီးဗီးေလးဟာလည္း

အ႐ြယ္နဲ႔မလိုက္ေအာင္ကို လိမၼာေရးျခားရွိတဲ့ ကေလးေလးျဖစ္ၿပီး ပါးေဖာင္းေဖာင္း ဆံပင္ေကာက္ေကာက္ေလးနဲ႔ အသည္းယားစရာေလးပါေနာ္။ ဒါ့ျပင္ဗီးေလးဟာ ေမေမ့လိုပဲ သီခ်င္းဆိုတာဝါသနာပါတဲ့သူေလးျဖစ္ၿပီး သီခ်င္းေတြဆိုကာ

ကခုန္ေနေလ့ရွိပါတယ္။ မၾကာေသးမီကလည္းေအသင္ဟာ သူမရဲ႕Facebookစာမ်က္ႏွာတြင္ “အင္း သိပ္မရႈပ္ပါဘူးဘာမွလုပ္လို႔ကိုမရဘူး ဟင္း ဟင္း” ဆိုတဲ့captionေလးနဲ႔ ဗီးဗီးေလးရဲ႕ဗီဒီယိုေလးကိုတင္ေပးလာပါတယ္။ ဗီးေလးဟာ ေအသင္လုပ္သလိုေလး နားၾကပ္ေလးတပ္ကာ သူ႔ဘာသာအသံသြင္းေနတာပါေနာ္။ ကဲ….ပရိတ္သတ္ႀကီးအတြက္ဗီးေလးရဲ႕ ဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

တင်းတယ် တင်းတယ်‌ဆိုတဲ့သီချင်းလေးကို ကြားလိုက်တာနဲ့ အဆိုတော်အေသင်ချိုဆွေကို အားလုံးသိသွားကြမယ်ထင်ပါတယ်နော်။ သူမဟာ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေကိုရော သီချင်းမြူးမြူးလေးတွေကိုရောပါ

ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အေသင်ဟာ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့် single motherတစ်ယောက်အနေနဲ့ အောင်မြင်စွာရပ်တည်နေတာဖြစ်ပြီး ချစ်စရာသမီးလေး ဗီးဗီးနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ ဗီးဗီးလေးဟာလည်း

အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိတဲ့ ကလေးလေးဖြစ်ပြီး ပါးဖောင်းဖောင်း ဆံပင်ကောက်ကောက်လေးနဲ့ အသည်းယားစရာလေးပါနော်။ ဒါ့ပြင်ဗီးလေးဟာ မေမေ့လိုပဲ သီချင်းဆိုတာဝါသနာပါတဲ့သူလေးဖြစ်ပြီး သီချင်းတွေဆိုကာ

ကခုန်နေလေ့ရှိပါတယ်။ မကြာသေးမီကလည်းအေသင်ဟာ သူမရဲ့Facebookစာမျက်နှာတွင် “အင်း သိပ်မရှုပ်ပါဘူးဘာမှလုပ်လို့ကိုမရဘူး ဟင်း ဟင်း” ဆိုတဲ့captionလေးနဲ့ ဗီးဗီးလေးရဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ဗီးလေးဟာ အေသင်လုပ်သလိုလေး နားကြပ်လေးတပ်ကာ သူ့ဘာသာအသံသွင်းနေတာပါနော်။ ကဲ….ပရိတ်သတ်ကြီးအတွက်ဗီးလေးရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Athen Cho Swe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *