အႏုပညာအလုပ္ေတြထက္ ပိုပင္ပန္းတဲ့ အလုပ္ေတြ လုပ္ေနရတယ္ဆိုတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

Covid-19 ေၾကာင့္ အလုပ္ရပ္နားလိုက္ရတဲ့ ျပည္သူေတြ ေတာ္ေတာ္မ်ားမ်ား အခက္ေတြ႕ေနရတဲ့အခ်ိန္မွာ အႏုပညာရွင္ အခ်ိဳ႕လည္း အလုပ္ေတြရပ္နားထားရတယ္လို႔သိရပါတယ္ ။ ဒါေပမယ့္ လတ္တေလာမွာ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကေတာ့ အစားအေသာက္ေတြ

အြန္လိုင္းကတဆင့္ ေရာင္းခ်ၿပီး စီးပြားေရးအျဖစ္ လုပ္ေဆာင္ေနၾကပါတယ္ ။ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္ ကလည္း Covid-19 ေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားရတဲ့ အခ်ိန္မွာ အြန္လိုင္းေရွာ့ပင္ လုပ္ရင္း ႐ုန္းကန္ေနရတယ္လို႔သိရပါတယ္ ။ ယိုးဒယားထီ

နဲ႔ Bkk Made အဝတ္အထည္ေတြကို ေရာင္းခ်ေနတာျဖစ္ၿပီး ႐ုပ္ရွင္႐ိုက္ရတာထက္ေဈးေရာင္းရတာက စိတ္ေကာလူေကာပိုပင္ပန္းေနတယ္ လို႔ ပရိသတ္ေတြကိုေျပာျပလာခဲ့ပါတယ္ ။ Live လႊင့္ၿပီးေဈးေရာင္းတယ္ဆိုေပမယ့္ Live ၿပီးတာနဲ႔ ေအာ္ဒါေတြ

တန္းမွတ္ရေတာ့ ပင္ပန္းသလို အရင္ကတည္းက စီးပြားေရးလုပ္လာခဲ့တဲ့သူမဟုတ္ေတာ့ အခက္အခဲေတြေတာ့ရွိတယ္လို႔ ေဈးေရာင္းရတာပင္ပန္းတဲ့အေၾကာင္းကို ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္ ။ အလုပ္ဟူသမွ် ဂုဏ္ရွိစြ ဆိုတဲ့စကားအတိုင္း

အႏုပညာအလုပ္မွမဟုတ္ဘူး တျခားအလုပ္လုပ္လည္း အဆင္ေျပတာပဲ ေကာင္းတာပဲ ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ပုတ္ခတ္တာေတြ ဘာေတြ မလုပ္ဘဲနဲ႔ နားလည္ေပးၾကပါလို႔ ႏႈိင္းယွဥ္ျမင့္မိုရ္က ပရိသတ္ေတြကိုေတာင္းဆိုခဲ့ပါေသးတယ္ ။

Read in UNICODE

Covid-19 ကြောင့် အလုပ်ရပ်နားလိုက်ရတဲ့ ပြည်သူတွေ တော်တော်များများ အခက်တွေ့နေရတဲ့အချိန်မှာ အနုပညာရှင် အချို့လည်း အလုပ်တွေရပ်နားထားရတယ်လို့သိရပါတယ် ။ ဒါပေမယ့် လတ်တလောမှာ အနုပညာရှင်တော်တော်များများကတော့ အစားအသောက်တွေ

အွန်လိုင်းကတဆင့် ရောင်းချပြီး စီးပွားရေးအဖြစ် လုပ်ဆောင်နေကြပါတယ် ။ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ် ကလည်း Covid-19 ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ အွန်လိုင်းရှော့ပင် လုပ်ရင်း ရုန်းကန်နေရတယ်လို့သိရပါတယ် ။ ယိုးဒယားထီ

နဲ့ Bkk Made အဝတ်အထည်တွေကို ရောင်းချနေတာဖြစ်ပြီး ရုပ်ရှင်ရိုက်ရတာထက်ဈေးရောင်းရတာက စိတ်ကောလူကောပိုပင်ပန်းနေတယ် လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ Live လွှင့်ပြီးဈေးရောင်းတယ်ဆိုပေမယ့် Live ပြီးတာနဲ့ အော်ဒါတွေ

တန်းမှတ်ရတော့ ပင်ပန်းသလို အရင်ကတည်းက စီးပွားရေးလုပ်လာခဲ့တဲ့သူမဟုတ်တော့ အခက်အခဲတွေတော့ရှိတယ်လို့ ဈေးရောင်းရတာပင်ပန်းတဲ့အကြောင်းကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ် ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့စကားအတိုင်း

အနုပညာအလုပ်မှမဟုတ်ဘူး တခြားအလုပ်လုပ်လည်း အဆင်ပြေတာပဲ ကောင်းတာပဲ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပုတ်ခတ်တာတွေ ဘာတွေ မလုပ်ဘဲနဲ့ နားလည်ပေးကြပါလို့ နှိုင်းယှဉ်မြင့်မိုရ်က ပရိသတ်တွေကိုတောင်းဆိုခဲ့ပါသေးတယ် ။

Source : Nhying Shin | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *