Covid-19 ကာလမွာ ေတြ႕ၾကံဳရတဲ့ အေမမ်ားအဖြဲ႕ရဲ႕ စားဝတ္ေနေရးကိစၥေတြကို ေျပာျပခဲ့တဲ့ ေဒၚနန္းခမ္းဝါ

အသက္အ႐ြယ္ႀကီးၿပီျဖစ္တဲ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြျဖစ္တဲ့ “ အေမမ်ား အဖြဲ႕” ရဲ႕ လက္ရွိ ေနထိုင္စားေသာက္ေရးေတြ အေၾကာင္းကို အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဒၚနန္းခမ္းဝါက ေျပာျပလာပါတယ္။ “ အေမတို႔က အမ်ားစုနဲ႔ဆိုေတာ့ ေၾကာက္လည္းေၾကာက္ၾကတယ္။ နဂို ကတည္းက ဆီးခ်ိဳတို႔၊ ေသြးတိုးတို႔ ေရာဂါ အခံေတြရွိတယ္။ အဖြဲ႕မွာ အငယ္ဆုံးဆိုတာေတာင္မွ အသက္(၆၀) ေက်ာ္ၿပီ။ က်န္တာက (၈၀) ေက်ာ္ေတြဆိုေတာ့ ေရာဂါကို ေၾကာက္ၾကတာေပါ့။ တံခါးေတြ အထပ္ထပ္ ပိတ္ၿပီးေတာ့ အထဲမွာ ရွိတာေလးေတြနဲ႔ စားေနၾကတာေပါ့။ အဲဒီမွာမွ စားနပ္ရိကၡာ လာလႉၾကတဲ့ အထဲကေန စားၾကတာေပါ့” လို႔ သူကဆိုပါတယ္။ အခုခ်ိန္မွာေတာ့

ေဒၚနန္းခမ္းဝါဟာ“ အေမမ်ား အိမ္ရာ” မွာ ေနထိုင္တယ္လို႔ သိရပါတယ္။ COVID-19 ကာလျဖစ္တဲ့အတြက္ က်န္းမာေရးကိုလည္း ပိုဂ႐ုစိုက္တယ္လို႔ ဆိုပါတယ္။ “ အန္တီတို႔ဆီမွာက အေဆာင္ တစ္ေဆာင္ကို ႏွစ္ေယာက္ေနတယ္။ အေမတို႔ အခုေနတဲ့ ေနရာမွာ (၅) ေယာက္၊ (၆) ေယာက္ေလာက္ကေတာ့ ပင္တိုင္ေနတဲ့သူေတြေပါ့။ က်န္တဲ့သူေတြကေတာ့ ေရာဂါအေျခအေနေၾကာင့္ ကိုယ့္အိမ္ကိုယ္ ျပန္ေနလို႔ရတဲ့ သူေတြကိုေတာ့ ျပန္လႊတ္ထားတယ္။ ဒီ (၅) ေယာက္၊ (၆) ေယာက္အတြက္ ေဆးဖိုးကို ဒါဒါက လႉမယ္လို႔ေျပာတယ္။ တစ္လကို (၂)

သိန္းျဖင့္ (၂)သိန္း၊ (၃)သိန္းျဖင့္ (၃) သိန္း လႉတယ္”ဆိုၿပီးေတာ့ ေမလ ၂၂ ရက္ေန႔က ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ အလႉကို လာေရာက္ရင္း ေျဖဆိုခဲ့တာပါ။ COVID-19 သတင္းေတြ ဖတ္ရင္း စိုးရိမ္ စိတ္ေတြလည္းျဖစ္ၾကရတယ္လို႔ ေဒၚနန္းခမ္းဝါက ေျပာပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာ ဘုရား၊ တရားကို ပိုလုပ္တယ္လို႔ သူ ဆိုပါတယ္။ “ အေမ ႏြဲ႕ႏြ႕ဲစန္းဆိုရင္ သူတို႔ တစ္သက္မွာ ဒီလို ကိစၥမ်ိဳး တစ္ခါမွ မႀကဳံခဲ့ဖူးတဲ့သူဆိုေတာ့ ဘယ္ႏွစ္ေယာက္ တိုးသြားၿပီ၊ ဘယ္ႏွစ္ေယာက္ကေတာ့ ေရာဂါက ဘာျဖစ္ျပန္ၿပီဆိုရင္ ၾကည့္ၿပီးေတာ့

အိပ္မေပ်ာ္တာမ်ိဳးေတြ ျဖစ္ေနၾကတာေပါ့။ လူဆိုတာ တစ္သက္မွာ တစ္ခါေတာ့ ေသၾကရမွာပဲေလ။ ဆင္ျခင္ေနတဲ့ ၾကားက ေသသြားမယ္ ဆိုရင္ေတာ့ မတတ္ႏိုင္ဘူး။ ဒီေတာ့ ဘုရားတရား ပိုလုပ္တယ္” လို႔လည္း ဆက္လက္ ေျပာျပလာပါေသးတယ္။ေဒၚနန္းခမ္းဝါ ကိုေတာ့ ပရိသတ္ေတြက ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ၊ ႐ုပ္သံဇာတ္လမ္းတိုေတြကေနတဆင့္ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ မင္းသားမင္းသမီးေတြ အိမ္က အိမ္ေဖာ္ကာ႐ိုက္တာ၊ အေဒၚကာ႐ိုက္တာ၊ အတင္းတုပ္ စပ္စု တတ္သူ ကာ႐ိုက္တာ ေတြဟာ ပရိသတ္ကို သတိထားမိေစခဲ့သူျဖစ္ပါတယ္။

Read in UNICODE

အသက်အရွယ်ကြီးပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ “ အမေများ အဖွဲ့” ရဲ့ လက်ရှိ နေထိုင်စားသောက်ရေးတွေ အကြောင်းကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်နန်းခမ်းဝါက ပြောပြလာပါတယ်။ “ အမေတို့က အများစုနဲ့ဆိုတော့ ကြောက်လည်းကြောက်ကြတယ်။ နဂို ကတည်းက ဆီးချိုတို့၊ သွေးတိုးတို့ ရောဂါ အခံတွေရှိတယ်။ အဖွဲ့မှာ အငယ်ဆုံးဆိုတာတောင်မှ အသက်(၆၀) ကျော်ပြီ။ ကျန်တာက (၈၀) ကျော်တွေဆိုတော့ ရောဂါကို ကြောက်ကြတာပေါ့။ တံခါးတွေ အထပ်ထပ် ပိတ်ပြီးတော့ အထဲမှာ ရှိတာလေးတွေနဲ့ စားနေကြတာပေါ့။ အဲဒီမှာမှ စားနပ်ရိက္ခာ လာလှူကြတဲ့ အထဲကနေ စားကြတာပေါ့” လို့ သူကဆိုပါတယ်။ အခုချိန်မှာတော့

ဒေါ်နန်းခမ်းဝါဟာ“ အမေများ အိမ်ရာ” မှာ နေထိုင်တယ်လို့ သိရပါတယ်။ COVID-19 ကာလဖြစ်တဲ့အတွက် ကျန်းမာရေးကိုလည်း ပိုဂရုစိုက်တယ်လို့ ဆိုပါတယ်။ “ အန်တီတို့ဆီမှာက အဆောင် တစ်ဆောင်ကို နှစ်ယောက်နေတယ်။ အမေတို့ အခုနေတဲ့ နေရာမှာ (၅) ယောက်၊ (၆) ယောက်လောက်ကတော့ ပင်တိုင်နေတဲ့သူတွေပေါ့။ ကျန်တဲ့သူတွေကတော့ ရောဂါအခြေအနေကြောင့် ကိုယ့်အိမ်ကိုယ် ပြန်နေလို့ရတဲ့ သူတွေကိုတော့ ပြန်လွှတ်ထားတယ်။ ဒီ (၅) ယောက်၊ (၆) ယောက်အတွက် ဆေးဖိုးကို ဒါဒါက လှူမယ်လို့ပြောတယ်။ တစ်လကို (၂)

သိန်းဖြင့် (၂)သိန်း၊ (၃)သိန်းဖြင့် (၃) သိန်း လှူတယ်”ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံးရဲ့ အလှူကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ COVID-19 သတင်းတွေ ဖတ်ရင်း စိုးရိမ် စိတ်တွေလည်းဖြစ်ကြရတယ်လို့ ဒေါ်နန်းခမ်းဝါက ပြောပါတယ်။ ဒါကြောင့် အခုချိန်မှာ ဘုရား၊ တရားကို ပိုလုပ်တယ်လို့ သူ ဆိုပါတယ်။ “ အမေ နွဲ့နွ့ဲစန်းဆိုရင် သူတို့ တစ်သက်မှာ ဒီလို ကိစ္စမျိုး တစ်ခါမှ မကြုံခဲ့ဖူးတဲ့သူဆိုတော့ ဘယ်နှစ်ယောက် တိုးသွားပြီ၊ ဘယ်နှစ်ယောက်ကတော့ ရောဂါက ဘာဖြစ်ပြန်ပြီဆိုရင် ကြည့်ပြီးတော့

အိပ်မပျော်တာမျိုးတွေ ဖြစ်နေကြတာပေါ့။ လူဆိုတာ တစ်သက်မှာ တစ်ခါတော့ သေကြရမှာပဲလေ။ ဆင်ခြင်နေတဲ့ ကြားက သေသွားမယ် ဆိုရင်တော့ မတတ်နိုင်ဘူး။ ဒီတော့ ဘုရားတရား ပိုလုပ်တယ်” လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ဒေါ်နန်းခမ်းဝါ ကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတိုတွေကနေတဆင့် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် မင်းသားမင်းသမီးတွေ အိမ်က အိမ်ဖော်ကာရိုက်တာ၊ အဒေါ်ကာရိုက်တာ၊ အတင်းတုပ် စပ်စု တတ်သူ ကာရိုက်တာ တွေဟာ ပရိသတ်ကို သတိထားမိစေခဲ့သူဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *