မိခင်ကြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာကြောင့် ဝမ်းနည်းနေတဲ့ တက္ကသိုလ် ဂွမ်းပုံ





Read in UNICODE

ကျရာဇာတ်ရုပ်ကာရိုက်တာတိုင်းကို အမြဲပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့မင်းသမီးလေး တက္ကသိုလ်ဂွမ်းပုံနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဂွမ်းပုံကတော့ အမြဲတမ်းနုပျိုလန်းဆန်းပြီး

ချောမောလှပလွန်းတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့သူဆိုလည်းမမှားလောက်ပါဘူးနော်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေရဲ့သရုပ်ဆောင်ပိုင်းသာမက စီစဉ်တင်ဆက်သူအဖြစ်နဲ့ပါ အောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့

မိဘတွေကို လုပ်ကျွေးပြုစုနေတဲ့သူတစ်ဦးပါပဲနော်။ သိပ်မကြာခင်ရက်ပိုင်းလောက်ကမိခင်ဖြစ်သူနေမကောင်းဖြစ်လို့ ဘေးကနေပြုစုစောင့်ရှောက်ပေးနေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မေလ (၂၄)ရက်နေ့ မနက်(၅)နာရီခန့်တွေ မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့အကြောင်းနဲ့ပုံရိပ်လေးတွေကို

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူဆုံးပါးသွားတဲ့ အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း တက္ကသိုလ်ဂွမ်းပုံအတွက် အားပေးစကားလေးတွေရေးပေးခဲ့ကြပါအုံးနော်။

Source : Goong Sein’s Facebook

Add a Comment

Your email address will not be published. Required fields are marked *