နေရာစုံအောင် မင်းနဲ့အတူ လျောက်လည်ချင်တယ်ဆိုတဲ့ သံသာမိုးသိမ့်
Read in UNICODE
သံသားမိုးသိမ့်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သံသာမိုးသိမ့် ကတော့ အကယ်ဒမီရွှေကြို ကနေအနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ယခုဆိုရင်တော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း
ပါဝင်သရုပ်ဆောင်နေပြီးလည်း ဖြစ်ပါတယ်။ သူမကတော့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေရဲ့ ချစ်အားပိုနေရတဲ့ သူလေးပဲဖြစ်ပါတယ်။ သံသာမိုးသိမ့် ကတော့
လတ်တလော MRTV – 4 မှာ ထုတ်လွှင်ပြသနေတဲ့ ” အချစ်ဖွဲ့လေညင်း ” ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါ့အပြင် သူမကတော့ လက်ရှိမှာ ဇာတ်လမ်းရဲ့ အမှတ်တရ ပုံရိပ်လေးတွေပရိသတ်သက်တွေကို မျှဝေလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း သံသာမိုးသိမ့်
ကတော့ အပြင်ထွက်ရင်း ဓာတ်ဖမ်းထားတဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေထဲလည်း သံသာမိုးသိမ့်ဟာဆိုရင် လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်ဝတ်စုံ ဝတ်ပြီး Mask တပ်ကာ အိုက်တင်လေးတွေကတော့ စွဲမက်စရာကောင်းလှပါတယ်နော်…။ ဒီပုံလေးတွေထဲမှာတော့
” မင်းနဲ့အတူ.. နေရာစုံအောင်လျှောက်လည်ချင်တယ် ” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့် ရဲ့ ချစ်စရာပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source : Than Thar Moe Theint’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *