ေသရာပါအျဖစ္ ယုန္ေလးရဲ႕ပံုကို တက္တူးထိုးခဲ့တဲ့ A4 ေက်ာ္စြာ

မြန္ျမတ္တဲ့စိတ္ထားေလးနဲ႔ ေတးေရး၊ေတးဆို၊ ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ရပ္တည္ေနသူယုန္ေလးကေတာ့ မ်ိဳးဆက္သစ္လူငယ္ေတြကို လက္တြဲေခၚယူေလ့ရွိသူပါ။ ေငြေၾကးမတတ္ႏိုင္ေပမယ့္ အရည္အခ်င္းရွိတဲ့ ဝါသနာရွင္ေတြကို ညီအစ္ကိုအရင္းလိုသေဘာထားၿပီး

ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။ သူေနာက္ဆုံးကူညီထားသူကေတာ့ ေ႐ႊတိဂုံဘုရားအေရွ႕ဘက္မုဒ္မွာ ႀကံရည္ေရာင္းရင္း Free Style Rap ေတြ ႐ြတ္ေနသူ A4 ေက်ာ္စြာပဲျဖစ္ပါတယ္။ သူကေတာ့ မိဘမဲ့တစ္ေယာက္အေနနဲ႔ ဘဝကိုဆိုးဆိုးေပေပ

ျဖတ္သန္းလာခဲ့သူျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ေကာင္းတာေလးေတြလုပ္ၿပီး ဘဝကို ေရွ႕ဆက္ခ်င္ေနသူပါ။ ဂီတကိုလည္း ဝါသနာပါတာေၾကာင့္ အလုပ္လုပ္ရင္း free Style Rap ေတြနဲ႔ ရွင္သန္ေနသူ ျဖစ္ပါတယ္။ ယုန္ေလးကေတာ့ သူ႔ကို လမ္းေၾကာင္းေပၚေရာက္လာေအာင္

လက္တြဲေခၚယူခဲ့ၿပီး မၾကာေသးခင္ကမွ သီခ်င္းတစ္ပုဒ္အတူတူ လုပ္ခဲ့ပါေသးတယ္။ ယုန္ေလး ၊A4 ေက်ာ္စြာ၊ မင္းဇက္တို႔ သီဆိုထားတဲ့ ဝမ္းစာ သီခ်င္းေလးဟာဆိုရင္ေတာ့ ၾကည့္ရႈအားေပးသူ ငါးသန္းေက်ာ္ခဲ့တဲ့အထိေအာင္ျမင္ခဲ့တဲ့ သီခ်င္းေလးလည္း ျဖစ္ပါတယ္။ ယုန္ေလးကေတာ့

ဒီေန႔မွာ သူ႔ပုံေလး တက္တူးထိုးခဲ့တဲ့ ေက်ာ္စြာနဲ႔ ပတ္သက္ၿပီး “ညီေလး A4 ေက်ာ္စြာ ေလး ဒီေန႔ ကြၽန္ေတာ္ပုံ Tattoo သြားထိုးတာတဲ့ . တကယ္ ညီအစ္ကိုလို စိတ္ထားရက်ိဳးနပ္ပါတယ္… ဒီထက္ ႀကိဳးစားၿပီး အရာရာအဆင္ေျပပါေစ ညီေလးေရ” ဆိုၿပီး ေရးသားမွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ..

Read in UNICODE

မွန်မြတ်တဲ့စိတ်ထားလေးနဲ့ တေးရေး၊တေးဆို၊ ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်နေသူယုန်လေးကတော့ မျိုးဆက်သစ်လူငယ်တွေကို လက်တွဲခေါ်ယူလေ့ရှိသူပါ။ ငွေကြေးမတတ်နိုင်ပေမယ့် အရည်အချင်းရှိတဲ့ ဝါသနာရှင်တွေကို ညီအစ်ကိုအရင်းလိုသဘောထားပြီး

ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။ သူနောက်ဆုံးကူညီထားသူကတော့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း Free Style Rap တွေ ရွတ်နေသူ A4 ကျော်စွာပဲဖြစ်ပါတယ်။ သူကတော့ မိဘမဲ့တစ်ယောက်အနေနဲ့ ဘဝကိုဆိုးဆိုးပေပေ

ဖြတ်သန်းလာခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ ကောင်းတာလေးတွေလုပ်ပြီး ဘဝကို ရှေ့ဆက်ချင်နေသူပါ။ ဂီတကိုလည်း ဝါသနာပါတာကြောင့် အလုပ်လုပ်ရင်း free Style Rap တွေနဲ့ ရှင်သန်နေသူ ဖြစ်ပါတယ်။ ယုန်လေးကတော့ သူ့ကို လမ်းကြောင်းပေါ်ရောက်လာအောင်

လက်တွဲခေါ်ယူခဲ့ပြီး မကြာသေးခင်ကမှ သီချင်းတစ်ပုဒ်အတူတူ လုပ်ခဲ့ပါသေးတယ်။ ယုန်လေး ၊A4 ကျော်စွာ၊ မင်းဇက်တို့ သီဆိုထားတဲ့ ဝမ်းစာ သီချင်းလေးဟာဆိုရင်တော့ ကြည့်ရှုအားပေးသူ ငါးသန်းကျော်ခဲ့တဲ့အထိအောင်မြင်ခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ယုန်လေးကတော့

ဒီနေ့မှာ သူ့ပုံလေး တက်တူးထိုးခဲ့တဲ့ ကျော်စွာနဲ့ ပတ်သက်ပြီး “ညီလေး A4 ကျော်စွာ လေး ဒီနေ့ ကျွန်တော်ပုံ Tattoo သွားထိုးတာတဲ့ . တကယ် ညီအစ်ကိုလို စိတ်ထားရကျိုးနပ်ပါတယ်… ဒီထက် ကြိုးစားပြီး အရာရာအဆင်ပြေပါစေ ညီလေးရေ” ဆိုပြီး ရေးသားမျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ..

Source : Yone Lay’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *