ေတာင္ဒဂံု (၇၂)ရပ္ကြက္ထဲက လူေတြအတြက္ သီးစံုပဲကုလားဟင္း ကိုယ္တိုင္ခ်က္ျပဳတ္ လွဴဒါန္းခဲ့တဲ့ ေဖြးေဖြးတို့ မိသားစု

ေဖြးေဖြးကေတာ့ ေပ်ာ္စရာေကာင္းျပီး ေနြးေထြးမႈေတြ ျပည့္နွက္ေနတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ေဖြးေဖြးက အသက္သံုးဆယ္ေက်ာ္အရြယ္ထိ အိမ္ေထာင္မျပဳေသးပဲ မိသားစုေတြနဲ့ အတူတူ ေနထိုင္ျပီး မိဘနွစ္္ပါးကို ျပဳစုေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ အလွဴေရစက္လက္နဲ့မကြာတဲ့

ေဖြးေဖြးတို့ မိသားစုက ဒီကေန့မွာလည္း သူမတို့ အိမ္ခ်က္ သီးစံုဘဲဥပဲကုလားဟင္းကို လွဴဒါန္းခဲ့တယ္လုိ့ သိရပါတယ္။ ေဖြးေဖြးရဲ့ ေမေမက အလွဴေလးနဲ့ ပက္သတ္ျပီး “ခ်က္သမွ် ဗမာၾကက္ေထာပတ္ထမင္းက ၾကက္သားအႏွစ္ေတြေရခဲခဲထားၿပီး (၃) ႀကိမ္တစ္ခါေလာက္

ကုလားပဲ၊ အာလူး၊ ဒန္႔ဒလြန္၊ ခရမ္းသီး၊ ပဲေတာင့္ရွည္၊ ဘူးသီး၊ ေ႐ႊဖ႐ုံသီး၊ ႐ုံးပေဒသီး၊ ပူစီနံ မ်ားနဲ့ ၾကက္ဥအလုံး ၁၅၀ ထပ္ထည့္ၿပီး ခ်က္ျပဳတ္ ထားတာပါ။ ဒီေန႔ေတာ့ ေတာင္ဒဂုံ ၇၂ ရပ္ကြက္ မိတ္ကပ္အူဝဲ တို႔ရပ္ကြက္ကိုလႉမွာပါ

အမ်ားကုသိုလ္ပါ။ သာဓုေခၚၾကပါေနာ့” ဆိုျပီး ေျပာထားပါတယ္။ ေဖြးေဖြးတို့ အိမ္ကေတာ့ ေထာပတ္ထမင္းအိမ္ခ်က္ခ်က္တဲ့ လုပ္ငန္းကို လုပ္ကိုင္ျပီး လတိုင္းလိုလို သီးစံုပဲကုလားဟင္းေတြ လွဴဒါန္းေလ့ရိွပါတယ္။ ပရိသတ္ၾကီးလည္း ေဖြးေဖြးတို့ မိသားစုအလွဴေလးအတြက္ သာဓုေခၚေပးၾကပါဦးေနာ္။

Read in UNICODE

ဖွေးဖွေးကတော့ ပျော်စရာကောင်းပြီး နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖွေးဖွေးက အသက်သုံးဆယ်ကျော်အရွယ်ထိ အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့ အတူတူ နေထိုင်ပြီး မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အလှူရေစက်လက်နဲ့မကွာတဲ့

ဖွေးဖွေးတို့ မိသားစုက ဒီကနေ့မှာလည်း သူမတို့ အိမ်ချက် သီးစုံဘဲဥပဲကုလားဟင်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဖွေးဖွေးရဲ့ မေမေက အလှူလေးနဲ့ ပက်သတ်ပြီး “ချက်သမျှ ဗမာကြက်ထောပတ်ထမင်းက ကြက်သားအနှစ်တွေရေခဲခဲထားပြီး (၃) ကြိမ်တစ်ခါလောက်

ကုလားပဲ၊ အာလူး၊ ဒန့်ဒလွန်၊ ခရမ်းသီး၊ ပဲတောင့်ရှည်၊ ဘူးသီး၊ ရွှေဖရုံသီး၊ ရုံးပဒေသီး၊ ပူစီနံ များနဲ့ ကြက်ဥအလုံး ၁၅၀ ထပ်ထည့်ပြီး ချက်ပြုတ် ထားတာပါ။ ဒီနေ့တော့ တောင်ဒဂုံ ၇၂ ရပ်ကွက် မိတ်ကပ်အူဝဲ တို့ရပ်ကွက်ကိုလှူမှာပါ

အများကုသိုလ်ပါ။ သာဓုခေါ်ကြပါနော့” ဆိုပြီး ပြောထားပါတယ်။ ဖွေးဖွေးတို့ အိမ်ကတော့ ထောပတ်ထမင်းအိမ်ချက်ချက်တဲ့ လုပ်ငန်းကို လုပ်ကိုင်ပြီး လတိုင်းလိုလို သီးစုံပဲကုလားဟင်းတွေ လှူဒါန်းလေ့ရှိပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးတို့ မိသားစုအလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Source : Phway Phway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *