သမီးဖြစ်သူကို Guitar တီးခိုင်းရင်း ကိုယ်စောင့်နတ်သီချင်းကို အတူသီဆိုပြခဲ့တဲ့ ခိုင်သင်းကြည်
Read in UNICODE
နာမည်ကျော်မင်းသမီးကြီး ခိုင်သင်းကြည်နဲ့ ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်သင်းကြည်ကတော့ အမြဲတမ်းပွင့်လင်းပြောဆိုစနောက်ကာ ပြောဆိုတဲ့ အမူအကျင့်လေ့တွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ မင်းသမီးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမတို့ရဲ့ မိသားစုလေးကတော့
ချစ်ခင်ယုယတတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးစံထိပ်ထားဦးတို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ခိုင်သင်းကြည်ကတော့ သမီးလေးစံထိပ်ထားဦးနဲ့အပျင်းပြေဆော့ထားတဲ့ tik tokဗီဒီယိုဖိုင်လေးနဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ
တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခိုင်သင်းကြည်ကတော့ “ထိပ်လေးနဲ့အတူအပျော်လေးပါ၊ထိပ်ဂီတာသင်တာ(၁)လနဲ့Covidကြောင့်ဆရာမမလာနိုင်တော့လို့ beginner အဆင့်ဘဲရှိပါသေးတယ်နေ” လို့ဆိုကာ သမီးဖြစ်သူ စံထိပ်ထားဦးကိုယ်တိုင်တီးခက်ရင်း
ကိုယ့်စောင့်နတ် သီချင်းလေးကို Cover song သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်တာပါပဲနော်။ ပရိသတ်တွေအတွက် ခိုင်သင်းကြည်တို့သားအမိရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဗီဒီယိုဖိုင်လေးကြည့်ကာ ပျော်ရွှင်ကြည်နူးမိမယ်လို့ ထင်ပါတယ်။
Source : Khine Thin Kyi’s Facebook