အချိန်တိုအတွင်း သူ့ရဲ့ သီချင်းဗီဒီယို ကြည့်ရှူသူ (၂)သိန်းကျော်သွားခဲ့လို့ ပျော်နေတဲ့ စိုင်းစည်တွမ်ခမ်း
Read in UNICODE
စိုင်းစည်တွမ်ခမ်းကတော့ လတ်တလောမှာ Covid 19ကပ်ရောဂါဆိုးကြီးကိုဦးဆောင်တိုက်ထုတ်နေတဲ့ သူတွေအတွက်”ရှေ့တန်းလူ”ဆိုတဲ့သီချင်းလေးနဲ့ ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောသ်အပြင် အဆိုဘက်မှာပါ ထူးချွန်တဲ့ စိုင်းစည်တွမ်ခမ်းကတော့
သူ့ရဲ့ အေးမြချိုသာတဲ့အသံလေးနဲ့ သီဆိုထားတဲ့သီချင်းလေးကို ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုကာ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ။ ဒီနေ့မှာတော့ ” မနေ့နေ့လည်ကတင်တာခုViewers၂သိန်းခွဲကျော်သွားလို့ဝမ်းသာနေပါတယ်။ကျနော်တို့
အားလုံးသေချာလေးကြိုးစားထားခဲ့ကြတာပါ(နဖူးကချွေးကသက်သေ)”ဆိုကာ ရိုက်ကွင်းနောက်ကွယ်က ပင်ပန်းခဲ့ရတဲ့ပုံလေးနဲ့ ပြောပြလာတာပါ။ အခုလို တတပ်တအားနဲ့ Covid 19ကို
တွန်းလှန်နေသူတွေကိုလေးစားသမှုနဲ့ ဂုဏ်ပြုကြတဲ့ အနုပညာရှင်တွေကြောင့် Covidတိုက်ထုတ်နေတဲ့အဖွဲ့သားတွေလည်း စိတ်ဓာတ်ခွန်အားရှိစေမှာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း စိုင်းစည်ရဲ့ သီချင်းသစ်အောင်မြင်မှုအတွက် ဂုဏ်ပြုစကားပြောခဲ့ပါဦးနော်။
Source : Sai Si Tom Kham’s Facebook
Add a Comment
Your email address will not be published. Required fields are marked *